အပိုင်း (၂)

6.3K 95 0
                                    

"ညှာတာပါ နင်လေ မမုန်းနဲ့
ပြန်လည်ကာ လှည့်ကြည့်ပေးတော့
နှလုံးသားထဲမှာ နင် နတ်သမီးပေါ့
ရင်ခုန်စရာ အိမ်မက်ကလေးတော့ တခါပြန်လည် မက်ခွင့်ပေးပေါ့
အိမ်မက်တွေထဲမှာ နင် နတ်သမီးပေါ့"
Ringtone သံချိုချိုလေး ကြိုက်တတ်တဲ့ မေသက်လျာက အစ္စဏီရဲ့သီချင်းကို ringtone လုပ်ထားခြင်း ဖြစ်သည်။ ဖုန်းလာနေလည်း ချက်ချင်း မကိုင်ဖြစ်ဘဲ သီချင်းသံကို နားထောင်ကောင်းကောင်းနဲ့ ဆက်နားထောင်နေလိုက်သေးသည်။
ခနကြာတော့မှ ဖုန်းစခရင်မ်ကို ကြည့်လိုက်တော့ Unknown Number တဲ့

"ဘယ်သူပါလိမ့် ငါ့ဆီ ညဘက် ဆက်မယ့်လူလည်း မရှိပါဘူး" ဟု တွေးနေတုန်း ဖုန်းသံလေးက ငြိမ်သွားသည်။

၁မိနစ်တောင် မကြာလိုက်ပါဘူး ဒုတိယအကြိမ် ဖုန်းဝင်လာပြန်တယ် ခုနက နံပါတ်ပဲ
ဒီတခါတော့ မေလေး ဖုန်းကိုင်လိုက်တော့သည်။

"ဟဲလို ဟုတ်ကဲ့ ပြောပါရှင်"

"ဟဲလို မေသက်လျာ လား"

တဖက်မှ ယောကျာ်းပီသတဲ့ အသံဩရှရှကို ကြားလိုက်ရတော့ မေလေး ရင်ထဲ တမျိုး ဖြစ်သွားရသည်။

"ဟုတ်ပါတယ် အခုပြောနေတာ ဘယ်သူလဲ"
"ငါပါ မြတ်သူရလေ မေလေး"
"..........."

မေလေး ရင်ထဲ ကုလားဘုရားလှည့်တဲ့အခါ ဗုံတီးသလိုမျိုး တုန်ခါသွားလေသည်။ "သူ" သူဖုန်းဆက်လာတယ်ပေါ့လေ။ ပျော်လိုက်သည့်ဖြစ်ခြင်း။ မေလေး နှုတ်ခမ်းကို လက်ဝါးနဲ့ပိတ်၍ ကြိတ်ရီမိသေးသည်။
အတန်ကြာတဲ့အထိ ပြန်ပြောသံမကြားရတော့ မြတ်သူရ ကြောင်သွားပီး

"ဟဲလို မေလေး ဟဲလို"

"ဟဲလို အွန်းး မြတ်သူရ ပြောပါ ငါနားထောင်နေပါတယ်"

အမှန်တော့ ပီတိဖြာပီး စကားမပြောနိုင်တာ

"အင်း ငါ နင့်ဖုန်းနံပါတ်ကို ခင်ခင်ခ ဆီက ရတာ"

"ဪ ဟုတ်လား..."

"နင် နေကောင်းလား မေလေး"

"အမ်........"

"ဟုတ်ပါဝူး ငါလည်း ယောင်ပီး ဘာတွေ ပြောနေမှန်းမသိဘူး နင် ဒီနေ့ ကျောင်းသွားလားလို့ မေးချင်တာ"

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now