အပိုင်း (၂၀) ဇာတ်သိမ်းပိုင်း

8.6K 129 7
                                    

သုံးနှစ်ခန့်ကြာသော်......

"မေ့... တီတီ ခင်ခင် ရာရယ်"
"မေး...တီခင်ခ ရာရယ်"

မေသက်လျာရဲ့ ချစ်လှစွာသော သားအမြွှာလေး နဲ့ နှစ်ယောက်က မီးဖိုချောင်မှာ အိမ်ဖော် ဒေါ်သန်းကို ဟင်းချက်ပြုတ်ရန် ညွှန်ကြားနေသော မေသက်လျာဆီကို အပြေးလာပီး ပြောကြခြင်းဖြစ်သည်။

"မြတ်မင်းသီဟ မြတ်မင်းသုတ မင်းတို့ကို မေမေက အိမ်ပေါ်မှာ လျှောက်မပြေးပါနဲ့လို့ ပြောတာကို နားမထောင်ပြန်ဘူးလား"
"ဟီးဟီး"
"ခိခိ"

မေသက်လျာ ချစ်မျက်စောင်းလေး ထိုးပီး ဆူနေသော်လည်း တခိုးခိုးတခိခိ ရီနေသော သားတော်မောင်တွေကို ဘယ်လို ပြောရမှန်းမသိတော့ပါ။

"ကဲ လာ မေမေနဲ့ လိုက်ခဲ့ သားတို့ရဲ့တီလေး ခင်ခ ရောက်နေတယ်မလား လာ သွားကြရအောင် let's go babies"

ဟုဆိုကာ သားနှစ်ယောက်ကို လက်တဖက်ဆီက ဆွဲ၍ အိမ်ရှေ့ ထွက်ခဲ့တော့သည်။

"ဆောရီး ခင်လေးရယ် နောက်ဖေးမှာ ဟင်းချက်ဖို့လေး စီစဉ်နေရလို့ နင်လာတာ မသိလိုက်ဘူး"

"အေးပါ သားတို့မေမေရယ် ကျမက အေးဆေးပါ အခုလည်း ကိုကောင်းနဲ့ ကိုယ်ဝန်အတွက် ဝိတိုရိယဆေးရုံမှာ ဗိုက်လာအပ်ရင်း နင့်ဆီ ခနလှည့်ဝင်လာတာ"

"အေး ဟုတ်သား နင့်ဂျူးဒိတ် (Due date) ဘယ်နေ့လဲ ဘာလေးတဲ့လဲ"

"သားလေးပဲ မေလေးရေ ကျမတော့ မျောက်ကလေး ထိန်းရဦးမယ် dateက ဆယ်လပိုင်းလို့တော့ ပြောတယ်"

"အခုက 7လပိုင်းဆိုတော့ သိပ်တော့ မလိုတော့ဘူးပဲ ဒါနဲ့ ကိုကောင်းစည်သူရော မပါလာဘူးလား"

"ဟုတ်တယ် သူက ငါ့ကို နင့်အိမ်ရှေ့ချပေးပီး အလုပ်ကိစ္စ တခုရှိလို့ ဆက်သွားတယ် အပြန်မှ ငါ့ကို ဝင်ခေါ်မှာ"

"အာ့ဆို အတော်ပဲ အိမ်မှာ ညနေစာ စားသွားနော်"

ထိုစဉ် "ဝှီးးးးး ဘုတ်"
"အမလေး ပလုတ်တုတ်"

အသံနှစ်ခုက တပြိုင်နက်တည်း ထွက်လာသည်။ သားတော်မောင်တွေ လက်ချက်ပဲပေါ့ လေယာဉ်ပျံမောင်းတာ ‌ခင်ခ ရှေ့တည့်တည့် ပြုတ်ကျလာခြင်း ဖြစ်သည်။

🎉 You've finished reading အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင် 🎉
အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now