အပိုင်း (၁၇)

4.6K 62 0
                                    

"အခု မောင့်ကို စိတ်ဆိုးပြေပီလားဟင် မေ"

"......"

"စိတ်ဆိုးပြေပီလားလို့ မေ မောင်မေးနေတယ်နော် ဖြေဦးလို့"

တရားသူကြီး ဦးမြတ်သူရ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မလိုက်ဖက်စွာ ကလေးဆန်ဆန်နဲ့ မေလေးကို ချွဲနေ ချော့နေသော သူ့ကို မေလေး ရီချင်လာသည်။ ပီးတော့ စချင်လာသည်။

"စိတ်ဆိုးပြေပီလို့ ဘယ်သူပြောလဲ မပြေဘူးနော် မေမေ့ဆီကို ဖုန်းဆက်မယ်"

"ဟာကွာ ဒီနေ့ တရက်တော့ မဆက်ပါနဲ့ ‌မေမေတို့ စိတ်ပူပီး လာခွဲနေမှာပေါ့"

"ခွဲပါစေပေါ့ ကျမက ရှင့်နောက် သဘောတူပီး လိုက်လာတာမှ မဟုတ်တာ ရှင်ပဲ အတင်းဇွတ်ခေါ်လာတာလေ"

"ဇွတ်မခေါ်ပါဘူး အေးဆေး လိုက်လာနိုင်အောင် အိပ်ဆေးလေးပဲ ခပ်ခဲ့တာပါ"

မေလေး နှုတ်ခမ်းလေးကို ကိုက်ကာ စိတ်တိုသလို မျက်စောင်းထိုးကြည့်မိသည်။ သူကတော့ မေလေးရဲ့ ပုခုံးလေးကို ဖွဖွလေး ဖက်ထားပီး

"ဖယ်စမ်းပါ အဲ့လက်ကြီးက စိတ်အိုက်လိုက်တာ"

ဟုဆိုကာ မေလေးက သူ့လက်တွေကို ဖယ်ချပစ်သည်။

"မေရယ် မောင့်ကို အဲ့လိုကြီး သူစိမ်းမဆန်ပါနဲ့ မောင်တို့က ရင်းနှီးပီးသားပဲလေ"

"ဘာဆိုင်လဲ သူငယ်ချင်းလို ရင်းနှီးတာနဲ့ အခုလို ဖက်တာ... နေဦး ရှင်က ရှင့်သူငယ်ချင်းမိန်းကလေးတွေကိုလည်း အဲ့လိုဖက်တာပဲလား"

"ဟာ... မဟုတ်တာကွာ ကိုယ်မချစ်တဲ့မိန်းကလေး အသားယူမယ့်ရုပ်လား ဆိုတာ ကြည့်ထားဦး မောင့်ကို မယုံဘူးလားဟင်"

မေလေးရဲ့ မေးဖျားလေးကို ဖွဖွလေး ဆွဲယူပီး ချွဲနေပြန်သည်။ ဒီမှာ စိတ်မပျော့သွားအောင် မနည်းထိန်းနေရပါတယ်ဆိုမှ ဒီလူနဲ့တော့ ခက်ပီ။

"‌အဲ့ တမောင်မောင်နဲ့က ဘာဖြစ်နေတာလဲ"

"ဟင် မေက မောင့်ကို မောင်လို့ မခေါ်ချင်ဘူးလား ဘာပဲဖြစ်ဖြစ် မောင်က မေ့ထက် တစ်လတောင် ငယ်တယ်လေ"

ဟုတ်ပါသည် မေလေးနဲ့ မြတ်သူရ ‌မွေးနှစ်ချင်းတူပေမဲ့ တစ်လခန့်သာ အသက်ကွာကြသည်။

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now