အပိုင်း (၁၀)

4K 62 0
                                    

"ခင်ခ ငါတို့ယောကျာ်းလေးတွေက ကိုယ်လက်သန့်စင်တာ မြန်တယ်ဆိုတော့ ငါတို့အရင် ဝင်နှင့်ပီး ရေမိုးချိုးလိုက်ဦးမယ်"
ဟု မြတ်သူရက ပြောတော့ ကိုကောင်းစည်သူကလည်း ထောက်ခံပီး

"ခင်တို့ အပြင်မှာ တခုခု ဝယ်ရင်း‌ စောင့်နေနော် ရတယ်မလား"

"ဟုတ် ကိုကို ‌ခင်လေး စောင့်နေမယ်"

ဒေါ်ခင်ခင်ခတို့ သူ့ကို အလိုလိုက်ထားတဲ့ ချစ်သူကို အရမ်းတွေ ချိုသာပြနေသည်။

"မေလေး လာ ဟိုနားမှာ ကီးချိန်းလှလှလေးတွေ ငါတွေ့ခဲ့တယ် သွားကြည့်ရအောင်"

ဟုဆိုကာ မေသက်လျာကို ခေါ်ကာ ဟိုတယ်အနီးနားရှိ gift shopလေးကို ဝင်ကြလေသည်။

"ကဲ ဆိုစမ်းပါဦး ဘာတွေ တိုးတက်လာပီလဲ မမမေသက်လျာ" ခင်လေးက ဟိုတယ်အပြင်ရောက်တာနဲ့ မေလေးကို စပ်စုတော့သည်။
"ဘာမှ မထူးပါဘူး ခင်လေးရဲ့ ဒီလိုပါပဲ ဟိုပြော ဒီပြောပေါ့"

"ဟဲ့ ဒီလောက် နှစ်ယောက်တည်း လေးနာရီလောက် အတူထားခဲ့တာကို နင်တို့ ဘာမှ အဆင့်မတက်ကြဘူးလား"

"ခင်လေးရယ် ငါတို့က ဆယ်ကျော်သက်အရွယ်လေးတွေမှ မဟုတ်တော့တာ အသက် 28နှစ်ရှိနေကြပီလေ ကလေးတွေလို နင့်ကို ငါချစ်တယ် ငါ့ကိုပြန်ချစ်မလား လို့ ဒဲ့ဒိုးကြီး ဘယ်လို ပြောရဲမလဲဟ"

"ဪ ခက်ပါလား မမေသက်လျာရယ် ဒီပုံမျိုးနဲ့ ယောကျာ်းရတော့မှာ မြင်ယောင်သေး"

ခင်လေးရဲ့ စိတ်ပျက်စွာ ပြောစကားကို မေသက်လျာ ဒေါသမထွက်မိဘဲ ရီပဲရီချင်တော့သည်။

"ပီးတော့ ငါက မိန်းကလေးဟ ကွယ်ဝိုက်သော နည်းတွေနဲ့ပဲ ရေလာမြောင်းပေး လုပ်လို့ရမှာ တည့်တည့်ကြီး မပြောရဲပါဘူး ငါ့ကို တကယ်မချစ်ဘဲ အားနာလို့ ပြန်ကြိုက်ပေးရမှာလည်း ငါမလိုချင်ဘူး....ငါတကယ်လိုချင်တာ ငါ့ကို မေတ္တာစစ်နဲ့‌ချစ်ပေးနိုင်မယ့် မြတ်သူရကိုပါ"

"အေး အဲ့မှာ အချစ်စစ်ကို ရှာနေလိုက် ဟိုက တနယ်တကျေးမှာ နေနေရတာ လက်သွက်တဲ့မိန်းကလေးနဲ့ တွေ့လို့ ပါသွားမှ မငိုနဲ့"

ခင်လေး ပြောမှပဲ မေသက်လျာ ရင်ပူသွားမိသည်။ ဒါပေမဲ့လည်း မိန်းကလေးဖြစ်နေတော့လည်း ဘယ်လိုလုပ်ရပါ့မလဲလေ။ သက်ပြင်းရှည်ကြီးကိုသာ ချနေမိပါတော့သည်။

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now