အပိုင်း (၇)

4.3K 62 3
                                    

သို့နှင့် မေသက်လျာ၊ မြတ်သူရ၊ ခင်ခင်ခနဲ့ ကိုကောင်းစည်သူတို့ လေးယောက်သာ မနက်4နာရီအချိန်တွင် ရန်ကုန်မှ ကျိုက်ထီးရိုးဘုရားသို့ သွားကြလေသည်။ မြတ်သူရက သူ့ရဲ့ Toyota Ciazကားလေးကို ကိုယ်တိုင်မောင်းကာ အရင်ဆုံး မေလေးနဲ့ ခင်လေးကို လာခေါ်သည်။ ပြီးမှ ခင်လေးရဲ့ ချစ်သူ ကိုကောင်းစည်သူရှိရာ သင်္ဃန်းကျွန်းကို ဝင်ခေါ်သည်။ ထို့နောက် ကျိုက်ထိုမြို့သို့ မနက် ငါးနာရီတွင် ရန်ကုန်မှ စတင်ထွက်ခွာလေသည်။ ‌မြတ်သူရ နဲ့ ကိုကောင်းစည်သူက ရှေ့ခေါင်းခန်း‌တွင် ထိုင်သည်။ မေလေးနဲ့ ခင်လေးကတော့ နောက်ခန်းတွင် ထိုင်ကြလေသည်။

"ကိုကောင်း ဗိုက်ဆာပီလား ခင် ဆန်းဒ၀စ်ခ်ျ လုပ်လာတယ် စားမလားဟင်"

ခင်လေးက သူ့ချစ်သူကို လှမ်းပြောလေသည်။ထိုအခါ မြတ်သူရက

"ဟဲ့ ငါလည်း ပါးစပ်ပါတယ်နော် နင့်ကိုကြီးပဲ ပါတယ်မထင်နဲ့ ငါ့လည်းကျွေး"

"အံမာ နင့်ဘာသာ ဝယ်စားလေ ငါ့ချစ်သူငါကျွေးတာ ဘာဖြစ်လဲ မကျေနပ်ရင် နင်လည်း နင့်ကောင်မလေး ခေါ်လာပေါ့ ဟုတ်ဘူးလား မေလေး" ဟု မေသက်လျာကိုပါ ဆွဲထည့်ပီး ခင်လေးက စကားနိုင်လုလေသည်။

"ဟဲ့ နင်တို့တွေ ဘေးက ကိုကောင်းစည်သူကို အားနာပါဦးဟယ် မြတ်သူရ နင် ဗိုက်ဆာနေလို့လား ငါ့မှာလည်း ထမင်းလိပ်ပါတယ် စားမလား"ဟု မေလေးက အကြင်နာပိုကာ ပြောလိုက်သည်။ ထိုအခါမှ မြတ်သူရက ကိုကောင်းစည်သူကို အားနာဟန်ဖြင့်

"အဟမ်း ကိုကောင်း ဆောရီးနော် ကျနော်တို့ သူငယ်ချင်း‌ေတွက ပြောမနာ ဆိုမနာ ဖြစ်နေလို့ သူ့ကို စတာပါ"

"အဟား ရပါတယ်ဗျာ ကိုမြတ်သူရတို့ သူငယ်ချင်းတွေ ဒီလိုပဲ ပြောနေကျဆိုတာ ခင်လေးက ပြောပြထားပါတယ် ကျနော့ကို အားမနာပါနဲ့ နေသာသလိုနေပါဗျ"

ဟု ကိုကောင်းစည်သူက ရယ်‌ရယ်မောမောနဲ့ ပြောလေတော့မှ မေလေးတို့ပါ အတူ လိုက်ရယ်မိကြတော့သည်။

"မေလေး ငါ့ကို ကျွေးမယ်ဆို ကျွေးလေဟ ဗိုက်ဆာပါတယ်ဆို နင်တို့ကို ကားမောင်းပေးရတာ အားသုံးရတယ်ဟ"

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now