အပိုင်း (၁၃)

3.9K 61 0
                                    

လေးလခန့်ကြာသော်.....
မေသက်လျာ တစ်ယောက် နေ့စဉ် ပုံမှန် လုပ်နေကျ အလုပ်များကို ဖြတ်သန်း‌ရင်းနဲ့ပဲ အသည်းကွဲဝေဒနာကို ‌ကျော်ဖြတ်နေရသည်။ ပီးခဲ့တဲ့ လတွေတုန်းကလောက် မငိုဖြစ်တော့ပေမဲ့ တွေးမိတိုင်းတော့ ရင်ထဲ‌မကောင်းလှပေ။

"သမီးငယ်ရေ သမီး ကြီးကြီးက သူ့ဆီ လာခဲ့ပါဦးလို့ မေမေတို့ကို ခေါ်နေတယ် သမီး ရုံးပိတ်ရင် သွားကြရအောင်"

"ဘာလို့လဲ မေမေ သမီး မသွားချင်ပါဘူး မေမေပဲ သွားလို့မရဘူးလား"

မေသက်လျာ တယောက် ကြီးကြီးဖြစ်သူထံသို့ မသွားချင်ပါ။ အဘယ်ကြောင့်ဆိုသော် သူ့ဆီသွားတိုင်း မေသက်လျာကို နိုင်ငံခြားသွားပီး အလုပ်လုပ်ခိုင်းလိုက်၊ နိုင်ငံခြားသွားပီးအဆင်ပြေသူများနှင့် မေသက်လျာကို နှိုင်းယှဉ်ပီး ပြောလိုက်၊ ဒါတွေမှ မပြောရရင် အိမ်ထောင်ပြုခိုင်းပြန်သည်။ ထို့ကြောင့် မေသက်လျာ စိတ်ညစ်လှပါသည်။ မသွားချင်ပေမဲ့ မေမေက ခေါ်နေတော့လည်း သွားရပေဦးမည်။

"သမီးရယ် ကြီးကြီးက သမီးကို ကောင်းစားစေချင်လို့ ပြောတာနေမှာပါ သမီး လိုက်မလုပ်လည်း သူအတင်းခိုင်းနေတာမှ မဟုတ်တာ"

မေသက်လျာရဲ့ မေမေ ဒေါ်အေးချမ်းမေ က နာမည်နဲ့လိုက်ဖက်အောင်ကို အေးချမ်းသူ ဖြစ်သည်။ ယောင်းမဖြစ်သူနဲ့လည်း တည့်အောင် နေတတ်သည်။ တရားရိပ်သာ အမြဲသွားနေသူ ဖြစ်တာကြောင့် စိတ်အေးချမ်းတာပဲလားတော့ မသိပေ။

"အင်းပါ ဒီတပတ် တနင်္ဂနွေ သွားကြမယ်လေ မေမေလည်း လိုက်ခဲ့နော် သမီးတယောက်တည်းတော့ မသွားချင်ဘူး"
"အေး အေး သမီး"
........................... ........... .........

မေသက်လျာ မသွားချင်သော ကြီးကြီးထံသို့ ဒီနေ့သွားရပေမည်။ အလုပ်ထဲမှာသာ အလုပ်နဲ့သင့်တော်သော ဘောင်းဘီရှည်၊ စကပ်များ ဝတ်တတ်ပေမဲ့ အပြင်ထွက်လျှင်တော့ အမြဲလိုလို မြန်မာဝတ်စုံကိုသာ ဝတ်လေ့ရှိသော မေသက်လျာက ဒီနေ့လည်း မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ ဝတ်စားပီး ကြီးကြီးရှိရာသို့ သွားလေသည်။

"ကြီးကြီး နေကောင်းရဲ့လား"

"အေး ကောင်းတယ် သမီး လာပါဦး သတိရနေတာ ငါ့တူမလေးကို"

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now