[For Unicode]
ဘာလို့ သူ့လိုလူမျိုးကိုမှ အတွင်းရေးမှူး လုပ်စေချင်လဲဆိုတာ ဟျွန်းဂျင်နားမလည်၊ စိတ်ပျက်လက်ပျက်နဲ့ သူဌေးရုံးခန်းကနေ ထွက်လာခဲ့သည်။
"တကယ်စိတ်တိုတယ်!!!" ဟျွန်းဂျင် သူ့စားပွဲခုံကို ထုလိုက်သည်။
"ဟေးး ဘာဖြစ်လာလို့လဲ?" ဂျီဆောင်းမေးခြင်းပင်။
"ေ-သလိုက် သူဌေး သူ ရူးများရူးနေတာလား မသိဘူး!!"
"ဘာတွေဖြစ်လာတာလဲ ငါ့ကိုပြောပြ"
"ငါ့ကို သူ့ရဲ့ အတွင်းရေးမှူးဖြစ်စေချင်နေတယ်"
"ဘာ!!!"
လူတိုင်းက ဟျွန်းဂျင်ရဲ့ အဖြေကိုကြားချိန် အံ့ဩသွားသည်။ ဟျွန်းဂျင် ဘယ်လောက်တောင် သူ့အလုပ်ကို ချစ်လဲဆိုတာ သိကြသည်။
"အဲ့လူကြီးကတော့ တကယ်ပဲရူးနေပြီ သူ ဘယ်လိုများ?"
"ငါ အလုပ်ထွက်တော့မယ်"
"မရဘူး မရဘူးလေ သူဌေးဘန်ခရစ္စတိုဖာချန်းရှိနေရင် ဘယ်သူမှ အလုပ်ထွက်လို့မရဘူး"
"အာ့ဆို ငါက ဘာဆက်လုပ်ရမှာလဲ?"
"ဒီအတိုင်း သူပြောတဲ့အတိုင်းလုပ်လိုက် မင်းလုပ်ရည်ကိုင်ရည်ကိုကြည့်ပြီး အချိန်တန်ရင် မင်းနေရာကို ပြန်ပို့လိမ့်မယ်"
"ဒါပေမယ့်..."
"အဲ့ဒါနဲ့ ပတ်သတ်ပြီးမပြောနဲ့တော့"
စိတ်ဓာတ်ကျနေတဲ့မျက်နှာနဲ့ ဟျွန်းဂျင် ထိုင်ချလိုက်သည်။
"ဟေ့ ဟျွန်းဂျင် ဒေါသမထွက်နဲ့တော့ ငါနဲ့အတူတူ တစ်ခွက်လောက် သွားသောက်ကြရအောင် ဘယ်လိုလဲ?" ချန်းဘင် အခြေအနေကို ဝင်ထိန်းလိုက်သည်။
"ငါသောက်ချင်စိတ်မရှိဘူး" ဟျွန်းဂျင် စားပွဲပေါ် ခေါင်းတင်လိုက်ပြန်သည်။
"လာပါ မသောက်ဘူးလို့ မပြောနဲ့ အလုပ်ပြီးတာနဲ့ ငါစောင့်နေမယ်"
"ငါလည်း လိုက်ချင်တယ်" ဂျောင်အင်က ပြောပြန်သည်။
"ငါလည်းလိုက်မယ်"
"ငါလည်း လိုက်ခဲ့မယ်"
"ငါလည်း မသောက်တာကြာပြီ သွားကြမယ်ကွာ"

YOU ARE READING
𝙏𝙝𝙚 𝘼𝙧𝙩 𝙤𝙛 𝙁𝙞𝙣𝙙𝙞𝙣𝙜 𝙔𝙤𝙪
Teen Fiction"ဟျွန်းနီဘေဘီ" "ဘယ်သူ့ကို ဘေဘီလို့ ခေါ်နေတာလဲ?" "မင်းလေ" "ကျွန်တော်က ခင်ဗျားရဲ့ ဘေဘီမဟုတ်ဘူး"