[For Unicode]
ဘန်ချန်းနဲ့ ဟျွန်းဂျင် ညတစ်ညကို အတူတူဖြတ်သန်းပြီး မနက်ရောက်တော့ ဘန်ချန်းနိုးနိုးချင်း သူ့ဘေးမှာ အိပ်နေတဲ့ ဟျွန်းဂျင်ကိုမြင်တော့ ပြုံးမိသည်။
အရမ်းချစ်ဖို့ကောင်းတာပဲ
ဟျွန်းဂျင်လည်း နိုးလာပြီး ဘန်ချန်းကို ပြုံးပြသည်။
"ဂွတ်မောနင်း ကို"
"အား.... ဒါကို မင်းအခု ပြောဖို့လိုလို့လား?"
"ဆောရီး ကို..."
"ထပ်လုပ်ပြန်ပြီ"
"ကျွန်တော် အရင် ရေသွားချိုးတော့မယ် တာ့တာ ကို"
ဘန်ချန်းကို ကြည့်ရယ်ပြီး ဟျွန်းဂျင် ကုတင်ပေါ်ကနေထကာ အမြန်ပြေးမလို့ ကြံသည်။
"မင်း ဒီလိုမျိုးပြောချင်ရာပြောပြီး ထွက်သွားလို့ မရဘူး"
ဘန်ချန်း ချက်ချင်းပဲ ဟျွန်းဂျင်လက်ကို ဖမ်းဆွဲကာ အိပ်ရာပေါ် လှဲချပြီး ကလိထိုးတော့သည်။
"အိုခေ အိုခေ ကျွန်တော် အရူံးပေးပါတယ်"
ဒင်းဒေါင်
"ဘယ်သူရောက်နေတာလဲ?"
ဘန်ချန်းသိချင်လို့ အောက်ပိုင်းပဲ ဘောင်းဘီဝတ်ပြီး ထဖွင့်ပေးလိုက်သည်။
"ကို ဘယ်သူလဲ?!"
"အမ်... အဲ့ဒါက..."
"အမယ်လေး မင်းက ဘယ်သူလဲ? ပြီးတော့ ငါ့သားအိမ်မှာ ကိုယ်တစ်ပိုင်းဝတ်နဲ့ ဘာလုပ်နေတာလဲ?"
"ဟိုဟာလေ..."
"မေမေ!"
ဟျွန်းဂျင် အင်္ကျီနဲ့ ဘောင်းဘီကို အမြန်ဆုံး ကောက်စွပ်ပြီး တံခါးဝဆီ အပြေးရောက်လာခဲ့သည်။
"မေမေ ကျွန်တော် ... ကျွန်တော် ရှင်းပြမယ်"
"ဘာကို ရှင်းပြမှာလဲ?"
"မေမေ ထင်သလို မဟုတ်..."
ဘန်ချန်းကတော့ အခုအချိန်ထိ ကြောင်စီစီနဲ့ ရရပ်နေသေးသည်။
"သားလေး ဘယ်သူလဲ အဲ့လူက မေမေ့ကို ပြောပြစမ်းပါ"
"သူ...သူက ကျွန်တော့်သူငယ်ချင်းပါ သူ...သူက ဒီမှာ ညလာအိပ်တာပါ အခုတင်ပဲ သူလည်းပြန်တော့မလို့ ဟား ဟား ဟုတ်တယ်မလား ကို... ဟုတ်ပါဘူး ဘန်ချန်း"

YOU ARE READING
𝙏𝙝𝙚 𝘼𝙧𝙩 𝙤𝙛 𝙁𝙞𝙣𝙙𝙞𝙣𝙜 𝙔𝙤𝙪
Teen Fiction"ဟျွန်းနီဘေဘီ" "ဘယ်သူ့ကို ဘေဘီလို့ ခေါ်နေတာလဲ?" "မင်းလေ" "ကျွန်တော်က ခင်ဗျားရဲ့ ဘေဘီမဟုတ်ဘူး"