[For Unicode]
တစ်ပတ်လောက်ပဲကြာပေမယ့် ဘန်ချန်းမရှိတဲ့အတောအတွင်း တစ်နှစ်နီးပါးကြာသလိုပင် ကုမ္ပဏီထဲ ပျင်းရိပျင်းတွဲနဲ့ ဖြတ်သန်းလိုက်ရသည်။
ထိုနေ့နံနက်တွင် ဟျွန်းဂျင် ထုံးစံအတိုင်းပဲ စားပွဲခုံပေါ် မှောက်အိပ်နေရင်းနဲ့မှ စင်္ကြံလမ်းမှ ထွက်လာသော ရင်းနှီးတဲ့အသံကို ကြားလိုက်ရသည်။
"ကောင်းပြီ နောက်မှ ငါ့ကိုပြော"
စားပွဲခုံပေါ် မှောက်အိပ်နေတဲ့ ဟျွန်းဂျင်ခေါင်းကို ဘန်ချန်း ပွတ်ပေးလိုက်သည်။
"မင်းအိပ်ပျော်နေတာလား ဘေဘီ?"
အသံကို ချက်ချင်းသိသည်။
"ကို ပြန်လာပြီ!!!"
အချိန်အတော်ကြာရှိပြီဖြစ်တာကြောင့် ဘန်ချန်းကို သူအမြန်ပွေ့ဖက်လိုက်သည်။
"ဟားဟား ဟုတ်ပြီ ကို့ အခန်းထဲ သွားရအောင်"
"ဟုတ် ကို"
တစ်ယောက်နဲ့ တစ်ယောက် ကြည့်ကာပြုံးရင်း ရုံးခန်းထဲ သွားလိုက်ကြသည်။
"ဟျွန်းဂျင်"
"ဟမ်?"
"ဒီမှာတော့ ကိုလို့ မခေါ်နဲ့...သူဌေးလို့ပဲခေါ်"
"ဒါပေမယ့်....ဟုတ် အဲ့လိုပဲခေါ်ပါ့မယ်..."
"မင်းအသံလေးကြားတာနဲ့တင် ငါ ရူးသွားနိုင်တယ်ဆိုတာ မင်းသိလား?"
"ဟုတ်ကဲ့ သူဌေး"
"ကိုယ့်ကိုသတိရလား?"
"အွန်း"
"ဘယ်လောက်တောင်လဲ? "
ဟျွန်းဂျင် သူ့လက်နှစ်ဖက်ကို ကျယ်ကျယ်ဖြန့်လိုက်သည်။
"ဒီလောက်"
"ဒါက မနည်းလွန်းဘူးလား.?"
"မလုံလောက်ဘူးလား?"
"ဟုတ်တယ်...အဲဒါနဲ့မလုံလောက်ဘူး"
"ကောင်းပြီ" ..
ဟျွန်းဂျင်က ဘန်ချန်းရင်အုပ်ကိုကိုင်ကာ တစ်ဖက်လက်က ဘန်ချန်းလည်ပင်းကိုကိုင်ရင်း အနမ်းပေးလိုက်သည်။
"ကို့ကို ကျွန်တော် လွမ်းတယ်... အရမ်းလွမ်းနေတာ"
"ကိုရောပဲ အရမ်းလွမ်းတယ် ဟန်နီ"
YOU ARE READING
𝙏𝙝𝙚 𝘼𝙧𝙩 𝙤𝙛 𝙁𝙞𝙣𝙙𝙞𝙣𝙜 𝙔𝙤𝙪
Fiksi Remaja"ဟျွန်းနီဘေဘီ" "ဘယ်သူ့ကို ဘေဘီလို့ ခေါ်နေတာလဲ?" "မင်းလေ" "ကျွန်တော်က ခင်ဗျားရဲ့ ဘေဘီမဟုတ်ဘူး"