[For Unicode]
(ဘန်ချန်း)
ကျွန်တော်က ဟျွန်းဂျင်ကို ချစ်လားဆိုပြီး ဟျွန်းဂျင်အမေက မေးလာပေမယ့် မကြားသလိုနဲ့ မသိချင်ယောင်ဆောင်လိုက်တယ်။
"မင်း ဟျွန်းဂျင်ကို ချစ်လား?"
"ဟင်???"
ဟျွန်းဂျင်က သူ့အမေကို သူတို့ကိစ္စမပြောဖို့ ဆွေးနွေးပြီးကတည်းက ကျွန်တော် ဘယ်လိုပြန်ဖြေရမလဲမသိ။
"ကျွန်တော်...ဟိုဟာလေ "
"မင်း သူ့ကို ကြိုက်လား မကြိုက်ဘူးလားပဲ ပြော"
"မေမေ သူ့ကို ဒီလိုမေးခွန်းမျိုး မမေးပါနဲ့"
"မေမေ သိခွင့်ရှိတယ်"
"ဟုတ်ကဲ့ မေမေ...."
ဟျွန်းဂျင်ကို ကြည့်လိုက်တော့ မျက်ဝန်းထဲ ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်လို့နေလေရဲ့။ ကျွန်တော်လည်း သူ့အတိုင်းပဲ သူ့အမေက ကျွန်တော့်ကို သူ့သားရဲ့ ချစ်သူအဖြစ် လက်မခံမှာကို စိုးရိမ်မိတယ်။ ခဏတော့ တွေဝေမိပေမယ့် ဟျွန်းဂျင်က အမှန်အတိုင်းပြောဖို့ ခေါင်းညိမ့်ပြလာတယ်။
တစ်သက်လုံး ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေထဲ ဒီအချိန်က အခက်ခဲဆုံးပဲ...
"ဒီစကားကြားပြီးရင် ကျွန်တော့်ကို မုန်းမယ်ဆိုတာ သိပါတယ် ဒါပေမယ့်...."
မျက်လုံးကိုမှိတ်ပြီး ဆက်ပြောလိုက်တယ်။
"မေမေ ကျွန်တော်နဲ့ ဟျွန်းဂျင် တွဲနေကြပါတယ်"
"မေမေသိတယ်"
"ဟူး!!!!"
ထိုအချိန်မှပဲ ကျွန်တော်နဲ့ ဟျွန်းဂျင် နှစ်ယောက်သားပြိုင်တူ သက်ပြင်းချမိတော့တယ်။
"ဟုတ်တယ် မေမေ အစကတည်းက သိတယ်"
"ဒါပေမယ့်.....ဘယ်လို ???!!!"
"ပထမဆုံး အိမ်ပြန်ရောက်ကတည်းက မင်းတို့နှစ်ယောက် အတူတူရှိပြီးခဲ့ပြီးဆိုတာကို သိခဲ့တယ်"
ရှက်လည်းရှက်လာတာကြောင့် ဟျွန်းဂျင်အမေရှေ့မှာ နှစ်ယောက်သား ဒူးထောက်ချလိုက်တယ်။
"တောင်းပန်ပါတယ် ကျွန်တော်တို့ စောစောက မပြောခဲ့လို့"
သူမက ရယ်တယ်။
YOU ARE READING
𝙏𝙝𝙚 𝘼𝙧𝙩 𝙤𝙛 𝙁𝙞𝙣𝙙𝙞𝙣𝙜 𝙔𝙤𝙪
Teen Fiction"ဟျွန်းနီဘေဘီ" "ဘယ်သူ့ကို ဘေဘီလို့ ခေါ်နေတာလဲ?" "မင်းလေ" "ကျွန်တော်က ခင်ဗျားရဲ့ ဘေဘီမဟုတ်ဘူး"