Part.20

1.5K 122 5
                                    

Part.20

သမီးလေး ခြူးရတီ၏ တောင်းဆိုချက်အရ
ချစ်သဲပိုကို မား... လို့ ခေါ်ခွင့်ပြုပြီး
လဝန်းအက္ခရာကိုတော့ မာမားလို့
ခေါ်ခွင့်ပြုခဲ့သည်

ညတစ်ည...
ချစ်သဲပို၏ ညီးညူသံကြောင့် မီးမီးလေး
နိုးလာခဲ့သည်

အင်း... အင်း.... အား....  အား အဟင့်...
အဟင့်.. မေမေရေ.... လုပ်ပါဦး...
အီး.. ဟီး... ဟီး...

အဲဒီလိုပါပဲ မိန်းကလေးတွေဆိုတာက
ယောင်္ကျားယူတုန်းကလည်း
များသောအားဖြင့်
သူတို့သဘောနဲ့ သူတို့ ယူကြပြီး
ကလေးမွေးခါနီး ဗိုက်နာတော့
မိခင်ကိုပဲ တကြတာပါပဲ

သမီးလေးခြူးရတီ
မားရဲ့ မချိမဆန့် ညီးညူသံကြီးကို
ကြားတော့ စိတ်အရမ်းပူသွားပြီး
လဝန်းအက္ခရာ အခန်းသို့ ပြေးကာ...

မာမား.... မာမား လို့ ထဦး
မား က ဗိုက်နာလို့တဲ့ အရမ်းငိုနေပြီ

မီးမီးလေးအသံကြောင့် လဝန်းအက္ခရာ
​ဖျတ်ခနဲ နိုးလာပြီး...

" ဟင်... ဟုတ်လား...

" ဟုတ် မာမား...

" အွန်း... မာမာလာခဲ့မယ်
ဝင်းဝင်းနဲ့ထွေးထွေးကိုနှိုးပြီး လိုအပ်တဲ့
ပစ္စည်းတွေ ထည့်ထားလို့ သွားပြောလိုက်
ပြီးတော့ တစ်ယောက်က
ဦးနိုင်ဇော်ကို ​ကားအဆင်သင့်
ထုတ်ထားခိုင်းလိုက်လို့

" ဟုတ်ကဲ့ မာမား..

သမီးလေးခြူးရတီက အသက် ၃ နှစ်
ပြည့်ခဲ့ပြီးပြီမို့ တစ်ချို့အရာတွေ
အားကိုးလို့ ရနေပါပြီ...

လဝန်းအက္ခရာ ချစ်သဲပို အခန်းထဲဝင်လာတော့ ချစ်သဲပို တစ်ကိုယ်လုံး ချွေးတွေ
ရွဲနစ်နေလေပြီ...
မတတ်နိုင်ဘူး ကိုယ်တိုင် အဝတ်အစား
လဲပေးရတော့မှာပဲ

လဝန်းအက္ခရာ ဘာမှ စဥ်းစားမနေတော့ပဲ
ချစ်သဲပိုရဲ့ အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး
ဖြူဝင်းနေတဲ့ အပေါ်ပိုင်းကို
ချွတ်လိုက်တဲ့ အင်္ကျီစွပ်ကျယ်သားနဲ့ပဲ
ချွေးသုတ်ပေးလိုက်ပြီး ဘယ်လိုခုန်သွားမှန်း
မသိတဲ့ ရင်ခုန်သံတစ်ချက်ကို
ဘာသာမပြန်အားပဲ အင်္ကျီအသစ်တစ်ထည်
လဲပေးလိုက်တယ်
လုံခြည်တစ်ထည်ကို ခြေထောက်ဘက်က
အရင်လျှိုလိုက်ပြီး အပေါ်ကထပ်လိုက်တယ်
အောက်က ချွေးတွေရွှဲနစ်နေတဲ့
လုံချည်ကိုတော့ ဆွဲချွတ်လိုက်ပြီး
လုံချည်အသစ်ကို ပြင်ဝတ်ပေးလိုက်တယ်

သံယောဇဉ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now