ဝမ်ရိပေါ်ဆီပါ ဖုန်းဆက်ထားသည်မို့ တစ်ဖက်က ' အင်း ' တစ်လုံးသာပြောပြီး ဖုန်းချသွားသည်ကြောင့် ယွဲ့အာမှာ မျက်နှာသိပ်မကောင်းပေ။ ယွဲ့အာက ၁၈နှစ်ထဲ ဝင်ခါစမို့ ငယ်သေးသောကြောင့် သခင်လေးက အကြည့်ဖြင့်ပဲ သတိပေးတတ်ကာ ဖွင့်ထုတ်၍ မဆူတတ်ပေ။ဒီလောက်ဆိုရင်ပဲ အခြေအနေမကောင်းတာ သိနေလေပြီ။
" သူ ဘာပြောလဲ။ "
ရှောင်းကျန့်က အိပ်ပျော်နေသော ဝမ်ရိပေါ်၏မိခင် ဝမ်ကျိုးရင် ဘေးမှာ ထိုင်နေရင်း မေးလိုက်သည်မို့ ယွဲ့အာက မျက်နှာ မသာမယာဖြင့်သာ ဖြေသည်။
" အင်းတဲ့ ... အဲဒါပဲပြောတယ်။ အစ်ကိုလေး အခန်းထဲ သွားနားလေ ... ညီမလေး မေ့သွားတာမို့ ညီမလေး အမှားလို့ပဲ ပြောလိုက်မယ်။ "
" အဲဒီဝမ်ရိပေါ်က သူ့ထက်အကြီး ဖြစ်ပြီး သူ့အိမ်ထောင်ဖက် ဖြစ်တဲ့ အစ်ကို့ကို ဆူမှာတဲ့လား။ "
ကိုယ့်အိမ်က သခင်လေးအကြောင်း ကိုယ်သာ သိသည်မို့ ယွဲ့အာက ရယ်ရင်း ပြောသည်။" ဆယ့်ရှစ်နှစ်အထက်ကနေ ကြိုက်သလောက်အသက်ကြီးပါစေ ... အမှားလုပ်မိလို့ကတော့ သခင်လေး ဒေါသအောက်က လွတ်မယ် မထင်နဲ့။ သူ့ထက် အသက်ကြီးပြီး အသုံးမကျရင် ' အသက်ကြီးတာ သေဖို့ကြီးတာလား' တဲ့။ အဲဒီလိုဆိုပေမယ့် သခင်လေးက တော်တဲ့သူတွေလည်း တကယ်လေးစားတာ။ ငယ်ရွယ်သူတွေကိုလည်း ညှာနာသနားတယ်။ ဆယ့်ရှစ်နှစ်အောက် အရွယ်တွေကို ကလေးတွေလို့ပဲ သတ်မှတ်တာ။မှားရင်တောင် အကြည့်နဲ့ပဲ သတိပေးတာ။ ယွဲ့အာဖြင့် ဆယ့်ရှစ်နှစ်ပြည့်မှာ အရမ်းကြောက်တာပဲ။ နောက်ပြီး ဒီအိမ်က အလုပ်သမားတွေ အားလုံးက သခင်လေးကို ကြောက်ပေမယ့် ချစ်လည်းချစ်ကြတယ်။သခင်လေးရဲ့ ဒေါသကို ဖယ်လိုက်ရင် သခင်လေး အရမ်းလေးစားစရာကောင်းပြီး စိတ်ထားလည်း အရမ်းကောင်းတာ။ "
ဝမ်ကျိုးရင်ကို စောင်ခြုံပေးနေရင်းမှ ယွဲ့အာက သခင်လေးဖြစ်သူဘက် ကာပြောပေးနေတာမို့ ရှောင်းကျန့်ပြုံးလိုက်သည်။