" ပိစိလေးရေ ... "
ရှောင်းကျန့်က စားပွဲခုံတွေ အောက်ကိုပါ ခေါင်းလေးငုံ့ပြီးရှာသည်။ ရှောင်းကျန့် မွေးထားတဲ့ ကြောင်လေးက ဘယ်မှာမှ မတွေ့ဘူး။ ကြောင်စာထုတ်လေးကို လက်ထဲမှာ ကိုင်ထားပြီး ခါးကိုင်းထားရာမှ မတ်လိုက်တော့ ရေခဲသေတ္တာထဲမှ ရေဘူးယူလာတဲ့ ဝမ်ရိပေါ်၏ ရင်ဘတ်နဲ့ ရှောင်းကျန့်၏ နဖူးက တိုက်မိသွားသည်။
" ကျောက်ခဲကြီးလိုပဲ။ "
ရှောင်းကျန့်က နဖူးလေးကို လက်နဲ့ပွတ်ရင်းမှ ပြောလိုက်သည်။ လေ့ကျင့်ခန်းသေချာ လုပ်ထားတာမို့ ဝမ်ရိပေါ်၏ ရင်အုပ်က ကြွက်သားတွေဖြင့် မာနေသည်။ သို့ပေမယ့် တရမ်းအကြီးကြီး မဟုတ်ဘဲ သန်မာကြည့်ကောင်းသည်။
" ဘာရှာနေတာလဲ။ "
ရိပေါ်က မေးလိုက်မှ ရှောင်းကျန့်က ကြောင်ပိစိကို သတိပြန်ရသွားကာ မျက်လုံးလေး ဝံ့ပြီး ဟိုဒီ ရှာပြန်သည်။
" ပိစိ ပျောက်နေလို့။ ကောကို ကူရှာပေးပါဦး။ "
ရှောင်းကျန့်က ရိပေါ်၏ လက်ကိုပါ ဆွဲလိုက်ပြီး လိုက်ရှာသည်။ ရိပေါ်က စားပွဲပေါ် ရေဘူးကို ဖြစ်သလို တင်ထားခဲ့ပြီး ရှောင်းကျန့်အနောက်ပါသွားသည်။
" ပိစိက ဟိုမှာ ... ရိပေါ် ဟိုမှာ ... "
အုတ်တံတိုင်းပေါ် ရောက်နေတဲ့ ပိစိကို ပြတင်းပေါက်တံခါးမှ ရှောင်းကျန့်က လက်ညှိုးထိုးပြသည်။ ပိစိက ချက်ချင်းပင် ပြေးသွားသည်။
"အီးယား!!! သူက ပြေးနေသေးတာ။ရိပေါ်က ဒီဘက်က ဖမ်းလိုက်။ ကောက သူ့ကို ဒီဘက်က ခြောက်လွှတ်လိုက်မယ်။ "
ရှောင်းကျန့် စိတ်တိုင်းကျ ခိုင်းနေတာ ဒေါသအရမ်းကြီးတဲ့ မြို့တော်ဝန်ဆိုတာ တင်္ဒဂတော့ ရှောင်းကျန့်က မေ့သွားသည်။ ကြောင်လေးကိုသာ မဲနေသည်။ရိပေါ်က မျက်နှာတည်တည်နဲ့ပဲ ရှောင်းကျန့်ပြသည့် နေရာမှာစောင့်နေသည်။ ရှောင်းကျန့်က အိမ်အနောက်ပေါက်မှ ထွက်ပြီး ရိပေါ်ဘက် ကြောင်ပိစိကို ခြောက်လွှတ်လိုက်တော့ ရိပေါ်က အဆင်သင့် ဖမ်းလိုက်သည်။ ပိစိက အမွှေးကျွတ်အနာပေါက်နေတာမို့ ရိပေါ်၏ အင်္ကျီလက်မောင်းပေါ်မှာ ကြောင်မွှေးတွေ တင်ကုန်သည်။