" ကျန့်ကော နေမကောင်းဘူးလား။ "
ဝမ်ရိပေါ်က မေးလိုက်တော့ နှုတ်ခမ်းခြောက်နေတာမို့ လျှာသပ်လိုက်ရင်းဖြင့် ရှောင်းကျန့်က ခေါင်းရမ်းပြသည်။လူကတော့ အနည်းငယ် ဖြူလျော်နေ၏။
" ကောင်းပါတယ် ရိပေါ်။ဘာလို့လဲ။ "
ဗီရိုဘေးမှာ နက်ခ်တိုင် စည်းနေရင်းမှ ဘေးလွယ်အိတ်ထဲ ပစ္စည်းတွေ တွန်းထိုးထည့်နေသည့် ရှောင်းကျန့် အနားတိုးလိုက်ပြီး နဖူးကို စမ်းလိုက်သည်။ပူကျစ်နေတာမျိုး မဟုတ်ပေမယ့် အပူငွေ့ အနည်းငယ်ရှိ၏။
" အဖျားရှိနေတယ်။ "
ရှောင်းကျန့်က အိမ်မှာနေပြီး အိပ်ယာထဲမှာ လှဲမနေချင်တာမို့ ဘာမှမဖြစ်သလိုပင် ရိပေါ်၏ လက်ကို ဆွဲဖယ်ပြီး အနောက်ဆုတ် ရပ်ကာ ရယ်ရင်းပြောလိုက်သည်။
" လူပါဆို လူငွေ့တော့ရှိတာပေါ့။ ကော မဖျားပါဘူး။ "
ကာယကံရှင်က ငြင်းနေတော့ ရိပေါ်လည်း ဆက်မပြောတော့ပေ။ စည်းလက်စ နက်ခ်တိုင်ကို ဆက်စည်းနေလိုက်ပြီးနောက် ကုတ်အင်္ကျီအနက်ရောင်ကို ထပ်ဝတ်သည်။ ရှောင်းကျန့်ကလည်း သူ့ကျောင်းပစ္စည်းတွေသူ အပြီးသတ်ထည့်ပြီး နှစ်ယောက်အတူ အောက်ထပ်ဆင်းလာခဲ့သည်။
" ကျွန်တော့် ဖုန်းနံပါတ် သိတယ်မလား။ "
လှေကားတစ်လျှောက် လမ်းလျှောက်နေရင်းမှ ရိပေါ်က မေးလိုက်တော့ ရှောင်းကျန့်က ခေါင်းငြိမ့်၏။
" အင်း "
" ရုံးဖုန်းကို ပြောတာမဟုတ်ဘူး။ လက်ထောက်ဖြေတဲ့ ဖုန်းကိုလည်း ပြောတာမဟုတ်ဘူး။ သီးသန့်ဖုန်း ... မိသားစုပဲ သိတဲ့ဖုန်း ... အမေပဲရှိတာဆိုတော့ အမေပဲ ဆက်တဲ့ဖုန်းပေါ့ ... "
ဝမ်ကျိုးရင်က ပြောမပြဖူးသေးတာမို့ ရှောင်းကျန့်က ခေါင်းရမ်းပြလိုက်သည်။ရိပေါ်က ရှောင်းကျန့် ဘေးအိတ်ထဲမှ ဖုန်းကို ယူကာ နံပါတ်ကိုရိုက်ထည့်ပေးသည်။" အာ ... ရိပေါ် မိသားစုအတွက် အထူးသီးသန့်ဖုန်းဆိုရင် ... ကောကို နံပါတ်မပေးပါနဲ့။ "