သာယာတဲ့ တောအုပ်ကြီးထဲမှာ .. ခွန်အားကြီးမားတဲ့ ခြင်္သေ့မျိုးနွယ် ကျက်စားနေထိုင်တယ်။
ထိုမျိုးနွယ်စုသည် ၏တောအုပ်ရဲ့ဘုရင်ဖြစ်သည်။
ခွန်အားကြီးမားပြီး သြဇာအရှိန်အဝါကြီးသည့် မျိုးနွယ်စုလည်းဖြစ်သည်။အခုမျိုးဆက်အသစ်သည်။ ၀မ်မျိုးနွယ်၏ နောက်ဆုံးမျိုးဆက်ဖြစ်ပြီး အရှိန်အဝါကြီးကြီးမားမားပိုင်ဆိုင်ထားသည့် အရှင်ဖြစ်သည်။
ထို၀မ်မျိုးနွယ်စု၏ နောက်ဆုံးဖြစ်သော အရှင်၏ အမည်နာမသည် ၀မ်ဘုရင်၀မ်ရိပေါ်ဖြစ်သည်
အသက်ငယ်ရွယ်ပြီး အုပ်ချုပ်မှုကလည်း
လိုလေသေးမရှိပြီးပြည့်စုံတာကြောင့် ခြင်္သေ့များကလည်းသူတို့ခေါင်းဆောင် ခေါ် ၀မ်အရှင်ကိုလေးစားရိုသေကြတယ်။၀မ်အရှင်က မောင်းမတွေလည်း မထား။ ပြောရရင်
သူသဘောကျရမဲ့အိမ်ထောင်ဖက် မတွေ့သေးတာကြောင့်လည်းပါပေသည်။
..
.
သူတို့နေထိုင်ရာတောအုပ်ကြီးရဲ့ မြစ်တစ်ချောင်းသာ ဖြတ်ရတဲ့တောအုပ်ထဲ၌ မြေခွေး အုပ်စု နေထိုင်ပြီး
ယုန်မျိုးနွယ်စုပါနေထိုင်တော့တယ်။ဟိုရက်ကပဲ မြေခွေးမျိုးနွယ်စုခေါင်းဆောင်နဲ့ယုန်မျိုးနွယ်စုခေါင်းဆောင်တို့ အခြေအတင်ဖြစ်ကြရာ၌ ရန်ပွဲဖြစ်ပွားလာပြီး
မျိုးနွယ်စုနှစ်ခု တစ်ယောက်တစ်ပြန်တိုက်ခိုက်ကြတယ်။အားနည်းတဲ့ယုန်မျိုးနွယ်ကို မြေခွေးမျိုးနွယ်က တခနလေးအတွင်းသိမ်းယူအုပ်စိုးပစ်ခဲ့တယ်။
အသေအကြေများပြားပြီးဆုံရှုံးမှုအများအပြားလည်းရှိခဲ့သည်။
ထိုအထဲ ယုန်မျိုးနွယ်စုရဲ့အိမ်ရှေ့စံလေးဟာလည်း
မြေခွေးမျိုးနွယ်စုရဲ့သားဟာလည်း ယုန်မျိုးနွယ်စုရဲ့အိမ်ရှေ့စံလေးကို အသေရရအရှင်ရရသဘောကျနေပြီးထွက်ပြေးနေတဲ့ယုန်အိမ်ရှေ့စံလေးကိုအမိအရဖမ်းတယ်။
အသဲငယ်လွန်းတဲ့ယုန်အိမ်ရှေ့စံလေးဟာလည်း ခမည်းတော်နဲ့မယ်တော် သူမျက်စိအရှေ့မှာ မြေခွေးမျိူးနွယ်စုကြောင့်
ဆုံးပါးသွားရရှာတာ။
