အခန်း ၃၂

149 26 0
                                    

unicode


အခန်း ၃၂ ။

သွေးနံ့က အိုယင်းမျက်နှာကို ချက်ချင်း ဖြူရော်သွားစေပြီးနောက် သူက တဟုန်ထိုး ပြေးထွက်သွားတော့သည်။

လင်ယိလည်း သူ့အရှိန်ကို မြှင့်လိုက်ရာ တံခါးနားတွင် ရပ်ကာ မျက်နှာမှာ သွေးမလျှောက်ဘဲ ပိုဖြူဖပ်ဖြူရော်ဖြစ်လာသော အိုယင်းကို တွေ့လိုက်ရသည်။

တစ်ခုခုတော့ မှားနေပြီဆိုသော နိမိတ်မကောင်းသည့် ခံစားချက်ကို ရလိုက်သည်။ နှစ်လှမ်း သုံးလှမ်းဖြင့် အခန်းရှေ့ အရောက်သွားလိုက်ပြီး အိုယင်းနောက်၌ ရပ်လိုက်သည်။

သူက အိုယင်းထက် ခေါင်းတစ်လုံးမြင့်သောကြောင့် အတွင်းရှိ အခြေအနေကို ရှင်းလင်းစွာ မြင်နေရသည်။

လျိုယိ သေသွားခဲ့ပြီ။

လျိုယိ၏ သေပုံက လင်ယိမျက်နှာကို ပြောင်းသွားစေသည်။

တူတစ်ချောင်းက လျိုယိလည်ပင်းထဲ စိုက်ဝင်နေလျက်ရှိရာ လီယင်းအသတ်ခံလိုက်ရသည့် ပုံစံနှင့် တစ်ထပ်တည်းဖြစ်သည်။

တစ်ခုတည်းသော ကွဲပြားမှုမှာ လီယင်းတွင် ရုန်းကန်ထားခဲ့သည့် လက္ခဏာများမရှိခဲ့ဘဲ လျိုယိတွင်တော့ ပြနေခြင်းပင်။ လျိုယိ၏ ခန္ဓာကိုယ်ပေါ်တွင်သာ မဟုတ်ဘဲ တစ်ခန်းလုံးအနှံ့ တိုက်ခိုက်ထားသည့် လက္ခဏာများ ပြည့်နေသည်။

လင်ယိသည် လျိုယိအလောင်းပေါ်ရှိ မျက်နှာအမူအရာကို မတွေ့ရပေ။ ၇-၇ စည်းမျဉ်းလောကထဲ ဝင်ရောက်စဉ်ကတည်းက သူသတိထားမိခဲ့ပြီးဖြစ်သည်။ သေဆုံးပြီးသည်နှင့် အလောင်းတိုင်းက သူ့ကို ထူးဆန်းစွာ ပြုံးပြနေမည်ဖြစ်သည်။ ယခု ၂-၆ စည်းမျဉ်းလောကတွင်လည်း အတူတူပင်။ လျိုယိက မျက်လုံးများ ပြူးကျယ်လျက် နှုတ်ခမ်းကို နားရွက်တက်ချိတ်မတက် ပြုံးဖြဲထားပြီး လင်ယိကို စိုက်ကြည့်နေသည်။

သို့ပေမဲ့ ယခုတစ်ကြိမ်တွင်တော့ လင်ယိ၏ အလိုအလျောက်သိစိတ်က တစ်စုံတစ်ခုကို ပြောနေခဲ့သည်။

လျိုယိ၏ အပြုံးသည် ၂-၆ မကောင်းဆိုးဝါးမှ သူ့ကို နှုတ်ဆက်ခြင်းဖြစ်သည်ဟု။

ဒဏ္ဍာရီလာ သရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီOù les histoires vivent. Découvrez maintenant