Part.26
ထက်ဝေအောင် ရဲ့ ကုမ္ပဏီမှာ ဖြစ်သည်
" အစ်ကိုလေး ဧည့်သည်က တွေ့ခွင့်တောင်းပါတယ်...
" အွန်း... ဝင်ခဲ့ခိုင်းလိုက်..
မင်းခန့်သော်ဇင် ရောက်လာခြင်းဖြစ်သည်
မနေ့ကအကြောင်းတွေကို ဒီနေ့ တစ်နေကုန်
ထိုင်ပြီး စဥ်းစားနေမိ၍ အလုပ်ထဲလည်း
အာရုံမရောက်ခဲ့ပါ
ဆုံးဖြတ်ချက် တစ်ခုကို ပြတ်သားစွာ
ချခဲ့ပြီးတဲ့နောက် ဆိုင်တစ်ဆိုင်သို့ ဝင်ပြီး
ဒီကိုပဲ တန်းလာမိလိုက်ခြင်းဖြစ်သည်" ဟား အစ်ကို..
ဘယ်လို ရောက်လာတာလဲ..." ညီ့.. ဆီကို တမင်လာတာပါ...
မင်းခန့်သော်ဇင် ပြောရင်းနဲ့
တံခါးလော့ချလိုက်သည်
ထို့နောက် ထက်ဝေအောင်ထိုင်နေသော
ခုံမှ သူ့ကို ထခိုင်းလိုက်ပြီး
မင်းခန့်သော်ဇင် ဝင်ထိုင်လို့ ခပ်တည်တည်နဲ့
ထက်ဝေအောင်ကို သူ့ပေါင်ပေါ်
ဆွဲချလို့ ထိုင်ခိုင်းလိုက်သည်" အစ်ကို ဒါ ကုမ္ပဏီ ထဲမှာနော်...
ထက်ဝေအောင် ပြောရင်း ရုန်းတော့သည်
မင်းခန့်သော်ဇင် မရရအောင် သူ့ပေါင်ပေါ်
ထိုင်ခိုင်းလိုက်ရင်း.." တံခါးလော့ချထားတယ်
အစ်ကို ညီ့ကို ပြောစရာရှိတယ်...မင်းခန့်သော်ဇင် ပြောရင်းနဲ့
ထက်ဝေအောင်ကို ဆွဲဖက်ထားလိုက်ရင်း
ရုတ်တရက် အိတ်ကပ်ထဲက
ဘူးလေးတစ်ဗူးဆွဲထုတ်ကာ...." အစ်ကို့ကို လက်ထပ်နိုင်မလား... ညီ...
ညီ့အပေါ်မှာ အစ်ကို သစ္စာရှိပါ့မယ်လို့
ကတိပေးတယ်..ထက်ဝေအောင် ထင်မှတ်မထားတာမို့
နှုတ်ဖျားတွေတောင် ဆွံ့အလို့..." အစ်ကို တကယ်ပြောနောတာလား
" အွန်း တကယ်ပေါ့...
အစ်ကို့ကို လက်ခံပေးမယ် မဟုတ်လားဟင်ထက်ဝေအောင် မင်းခန့်သော်ဇင် လက်ထဲမှ
လက်စွပ်ကလေးကို လှမ်းယူလိုက်တော့...
မင်းခန့်သော်ဇင် ပြုံးဖြီးလို့နေရင်း" ဒါဆိုရင် လက်ခံတယ်လို့ ယူဆလိုက်ပြီး
ကိုယ် ဝတ်ပေးမယ်နော်...
YOU ARE READING
သံယောဇဉ် ( Gl&Bl&Normal)(Completed)
Actionငါ သဘောမကောင်းဘူးနော် ချစ်သဲပို ငါ့ကို သဘောကောင်းလွန်းတယ် မထင်လိုက်နဲ့ ငါ့မောင်လေးကို ချစ်တဲ့စိတ်နဲ့သာ ငါ အရာရာကို အလျှော့ပေးခဲ့တာပါ။ #လဝန်းအက္ခရာ#