စာသင်ခန်းလေးဟာ အပ်ကျသံတောင်မကြားရ။ခပ်ဖွဖွတိုးတိုက်သွားတဲ့လေကြောင့် အဆောင်ဘေးက တရုတ်စံကားပင်ကြီးရဲ့အရွက်ချင်းပွတ်တိုက်သံတောင်ကြားရလောက်အောင် တိတ်ဆိတ်နေတယ်။
"အားလုံးသေချာလေးဖြေကြနော်
ခိုးမကြည့်ကြဘဲ ကိုယ့်အရည်အချင်းနဲ့ကိုယ်ဖြေကြ
ခိုးကြည့်တာမိရင် roll noမှတ်ထားပြီး နောက်နှစ်အတန်းတက်ခွင့်ပိတ်မယ်"ခန်းစောင့်ဆရာမက အရှေ့လျှောက်လိုက်၊အနောက်လျှောက်လိုက်လုပ်နေရင်းနဲ့ သြဝါဒတွေခြွေနေတယ်။ အတန်းတက်ခွင့်ပိတ်မယ်ဆိုတဲ့စကားကြောင့် ဟိုလှမ်းကြည့်ဒီလှမ်းကြည့်လုပ်နေတဲ့ကျောင်းသားတွေခမျာ မျက်နှာတငယ်ငယ်နဲ့။
ဒီနေ့က ရိပေါ်တို့နှစ်ဆုံးစာမေးပွဲရဲ့နောက်ဆုံးဘာသာဖြေတဲ့နေ့။ စာတွေအများကြီးကျက်ထားတဲ့ရိပေါ်က ပထမနေ့ကစပြီး ခုချိန်ထိအခက်အခဲမရှိဖြေနိုင်တယ်။ စာမေးပွဲအချိန်စေ့ဖို့ နာရီဝက်လောက်အလိုရောက်တော့ စာတွေအားလုံးပြီးနေပြီ။ ပုစ္ဆာနံပါတ်တွေမှန်၊မမှန်စစ်ရတယ်။ စာလုံးတစ်လုံးချင်းဆီကိုလက်နဲ့ထောက်ပြီး သေချာစစ်ဆေးရသေးတယ်။ ကျန်တာတွေစစ်ပြီးလို့ roll noပါ၊မပါစစ်ကြည့်ပြီးတော့ အချိန်စေ့ဖို့ ငါးမိနစ်လောက်ဘဲလိုတော့တာ။
"လက်စသတ်ထားနော်
လက်စသတ်ထား ကလေးတို့ရေ
ငါးမိနစ်တောင်မကျန်တော့ဘူး"ခန်းစောင့်ဆရာမကပြောရင်းဆိုရင်း နာရီတကြည့်ကြည့်နဲ့။ တချို့ကျောင်းသားတွေကတော့ ခေါင်းတကုတ်ကုတ်နဲ့မျက်နှာတွေကခပ်မဲ့မဲ့။ အဲ့ဒီထဲမှာ ရိပေါ်နဲ့မလှမ်းမကမ်းမှာရှိတဲ့လင်းဝေ့လည်းပါတယ်။ မျက်နှာကိုက ပြိုတော့မယ့်မိုးလိုမျိုး။
"ကဲ!..အဖြေလွှာသိမ်းမယ်"
ခေါင်းလောင်းသံတဒေါင်ဒေါင်ကြားတော့ ဆရာမက အဖြေလွှာသိမ်းဖို့ပြင်တယ်။ လူအရေအတွက်ကများတဲ့အတွက် ဆရာမနှစ်ယောက်က rollနှစ်ခုဆီခွဲပြီးအဖြေလွှာသိမ်းတယ်။
"ငါတော့လွမ်းနေတော့မှာဘဲ ကျန်းကျန်းရယ်"
"ငါရောပါဘဲ အိမ်လာလည်လေဟာ"
YOU ARE READING
Came From Deepest Somewhere
Fanfictionရှောင်းကျန့်ကအများပြောသလို ဂြိုဟ်ဆိုးကလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးပဲဖြစ်ခဲ့ပါတယ် Started date-17.6.2022(Fri) Completed date-23.9.2022