Chapter-12

111 6 0
                                    

"ရိပေါ် ငါသွားပြီ"

လက်ကာပြနှုတ်ဆက်ရင်း လင်းဝေ့ကသူ့အိမ်ဘက်ဆီထွက်သွားတယ်။  ရိပေါ်ကတော့လမ်းပေါ်မှာတစ်ယောက်တည်းကျန်ခဲ့တယ်။
စီနီယာအစ်ကိုကြီးမရှိတဲ့ကျောင်းဖွင့်ရက်တွေ၊ အိမ်ပြန်လမ်းတွေဟာ ရိပေါ်အတွက်သိပ်ခြောက်ကပ်ပါတယ်။ တကယ်နေရတာငြီးငွေ့စရာဖြစ်နေတယ်။

တဖြည်းဖြည်းလျှောက်လာရင်း စီနီယာအစ်ကိုကြီးတို့အိမ်နားကိုရောက်လာတယ်။ ရိပေါ်ဟာတကယ်ရူးတယ်။ ကျောင်းသွားကျောင်းပြန်အရိပ်ပြာကလေးကိုငေးရခြင်းမှာနေသားကျနေတာမို့ မရှိမှန်းသိတဲ့တိုင်အောင် ရိပေါ်ကအရိပ်ပြာကလေးကိုရှာနေတုန်းပါဘဲ။

"ဟော ရိပေါ်လေးပါလား
ကျောင်းကပြန်လာတာလား ကလေးလေး"

ခြံရှေ့မှာရပ်ငေးနေတဲ့သူ့ကိုမြင်တော့ ယင်းအားရီကအပြေးကလေးလာနှုတ်ဆက်တယ်။

"ဟုတ်ကဲ့ အားရီ
ကျောင်းကပြန်လာတာပါခင်ဗျ"

မျက်မှန်ကိုင်းလေးကိုပင့်တင်ပြီး ပါးတွေမို့တက်အောင်ပြုံးရင်း ရိပေါ်ပြောတော့ ယင်းအားရီကခေါင်းညိမ့်ပြတယ်။

"ရိပေါ်လေးကို အားရီဖြင့်မတွေ့တာတောင်ကြာပေါ့ ဘာလို့မလာတော့တာလဲ ကလေး မဟုတ်မှသားရဲ့ကျန့်ကောမရှိလို့လား"

ယင်းအားရီကပြုံးပြီးမေးလာတယ်။ အမှန်တိုင်းပြောရရင်တော့ ကျန့်ကောရှိမနေတာက မလာဖြစ်တဲ့အဓိကအကြောင်းအရာပေါ့လေ။ ပြီးတော့ ပေကျင်းတက္ကသိုလ်ကို အမှတ်များများနဲ့တက်ပြီး ကျန့်ကောကိုငေးရမှာမို့ ရိပေါ်စာတွေလုပ်နေရတာလည်းပါတယ်။   ဒါပေမယ့် တည့်ကြီးဟုတ်ပါတယ်လို့သွားပြောရင် ယင်းအားရီကတစ်မျိုးမြင်သွားမှာစိုးရတယ်။

"ကျောင်းစာတွေလုပ်နေရလို့ပါ အားရီ"

ရိပေါ်ပြောတော့ ယင်းအားရီကပြုံးတယ်။

"ဟုတ်သားဘဲ စာတွေကများနေတော့မှာ
ငါတို့ရိပေါ်လေးတောင် အထက်တန်းကျောင်းသားကြီးဖြစ်လာပြီ"

ယင်းအားရီက ရင်ခွင်ပိုက်ကလေးလေးအရွယ်ရောက်လာသလို ရိပေါ်ကိုကြည့်ပြီးပြောတယ်။

Came From Deepest SomewhereWhere stories live. Discover now