Chapter-24

118 5 0
                                    

"အိုက်ယား...အရမ်းပင်ပန်းတာဘဲ"

အဆောင်ကိုရောက်တော့ အဝတ်အိတ်ကိုပစ်ချ၊ကုတင်ပေါ်မှာသွားလှဲနေရင်း လင်းဝေ့ကညီးညူသလိုပြောတယ်။ တစ်လမ်းလုံးကားစီးလာရလို့ကျောတွေအောင့်နေပေမယ့် အဲ့လောက်ကြီးပင်ပန်းတာမဟုတ်မှန်းရိပေါ်သိပါတယ်။

"ဘာလိုလိုနဲ့ငါတို့တက္ကသိုလ်ရောက်လာပြီ ရည်းစားရတော့မယ် ဟီးဟီး"

အတည်ကြီးပြောမလိုနဲ့စကားစပြီးတဲ့နောက် လင်းဝေ့ကတဟီးဟီးရယ်နေတယ်။ ရည်းစားမရဖူးတာသိသာလိုက်တာလို့ပြောရအောင်လည်း သူကပါရည်းစားတစ်ခါမှမထားဖူးတဲ့သူမို့ပြောမယ့်စကားတွေကို ရိပေါ်ပြန်မြိုချလိုက်ရတယ်။

"မေဂျာထဲကစကီလေးတွေကိုလိုက်မယ် ပြန်ကြိုက်တာမကြိုက်တာကတော့သူတို့အပိုင်း ငါကတော့အကုန်လုံးကိုရည်းစားစကားပြောမယ် အလကားရထားတဲ့လေကိုဒီနေရာမှာအကျိုးရှိရှိအသုံးချရမှာလူသားတိုင်းရဲ့တာဝန်ဘဲ"

အဓိဌာန်ချသလိုလေသံနဲ့လက်သီးလက်မောင်းတန်းပြီးပြောနေတဲ့လင်းဝေ့ကြောင့် ရိပေါ်ခေါင်းအသာခါလိုက်မိတယ်။ ဘယ်ဘက်နားကရေယက်ပုံနားဆွဲလေးကတော့တလှုပ်လှုပ်။ တကယ်တော့လင်းဝေ့ပြောသလိုအလကားရတဲ့လေနဲ့စီနီယာအစ်ကိုကြီးကိုဖွင့်ပြောဖြစ်ခဲ့ရင်အကောင်းသားလို့လည်းတွေးမိပါသေးတယ်။

"အဲ့ဒီစာအုပ်ထဲမှာ စီနီယာရှောင်းကျန့်ကိုချစ်တဲ့အကြောင်းတွေများရေးထားတာလား"

Luggageထဲကအပြာနုရောင်စာအုပ်ကလေးကိုထုတ်နေတဲ့သူ့ကိုလင်းဝေ့ကတစ်ဖက်ကုတင်ကနေလှမ်းအော်တယ်။ ဟိုတစ်ခေါက်ကမဖတ်လိုက်ရတဲ့စာအုပ်အပေါ်မှာလင်းဝေ့ကအခဲကြေပုံမရပါဘူး။

"အင်း"

ရိပေါ်ကအဲ့လိုဖြေတော့ လင်းဝေ့ကရိပေါ်ထိုင်နေတဲ့ကုတင်ဘက်ကိုစွေ့ခနဲရောက်လာတယ်။ ရိပေါ်လက်ထဲကစာအုပ်ကလေးကို လင်းဝေ့ကသေချာကြည့်နေတယ်။

"မင်းတကယ်ဘဲစီနီယာရှောင်းကျန့်ကိုတအားချစ်တာလား"

Luggageဇစ်ကိုဆွဲပိတ်နေတဲ့ရိပေါ်လက်တွေက လင်းဝေ့အမေးစကားကြောင့်တိခနဲရပ်သွားတယ်။ ချစ်တာပေါ့။ သိပ်ချစ်တာပေါ့။ ရင်နဲ့အမျှ၊အချိန်နဲ့အမျှ၊ ကမ္ဘာလောကကြီးနဲ့ထပ်တူညီတူညီမျှ အဲ့ဒီလူရဲ့သက်ပြင်းချသံတိုးတိုးလေးကအစမကြားချင်တဲ့အထိ ဝမ်ရိပေါ်ကရှောင်းကျန့်ကိုချစ်ပါတယ်။

Came From Deepest SomewhereWhere stories live. Discover now