Chapter-26

121 5 0
                                    

တက္ကသိုလ်လမ်းမှာခြေရာတွေထပ်လာတာနဲ့အမျှကုန်ဆုံးလာခဲ့တဲ့အချိန်တွေမှာ ဝမ်ရိပေါ်ကတော့ကျောင်းကိုတက်လိုက်၊ညနေဘက်တွေဆိုအလုပ်ကိုပြေးလိုက်နဲ့မအားမလပ်မသိမသာဖြတ်သန်းခဲ့တယ်။ ဒါပေမယ့်နိစ္စဓူဝလုပ်ငန်းစဥ်တွေထဲမှာတော့ တစ်စုံတစ်ယောက်ကိုရှာဖွေခြင်းကထိပ်ဆုံးမှာရှိနေခဲ့တယ်။ pizzaတွေပို့နေရင်းလမ်းမတွေကိုစောင်းငဲ့ကြည့်ဖို့၊ မတော်တဆများတွေ့ခဲ့ရင်ဆိုတဲ့အတွေးနဲ့ထပ်တလဲလဲရှာဖွေဖို့ဘယ်တုန်းကမှမပျက်ကွက်ခဲ့ဘူး။ ပျောက်သောသူကြာရင်တွေ့တယ်တဲ့။ ပုန်းနေတဲ့သူကျပြန်တော့ကံကြမ္မာကများကူညီပြီးဝှက်ထားပေးသလားပါဘဲ။ ကျောင်းတက်ခဲ့တဲ့တစ်လဆိုတဲ့ကာလအတွင်းအရိပ်အရောင်လေးတောင်မ​မြင်ရခဲ့ဘူး။ ကျန့်ကောကဘဲအပုန်းကောင်းနေတာလား၊ ဒါမှမဟုတ်ရိပေါ်ကဘဲရှာဖွေတဲ့နေရာမှာညံ့ဖျင်းခဲ့သလားမသိပေမယ့် သူဟာအရိပ်ပြာလေးနဲ့ခုထိလွဲချော်နေတုန်း။ အရိပ်ပြာလေးဟာခုထိပျောက်ဆုံးနေတုန်း။

"ရိပေါ် ငါ့ကိုတစ်ခုလောက်ကူညီပါဦး"

အတန်းရဲ့Ecဖြစ်တဲ့ဟန်ပင်းကအလောသုံးဆယ်နဲ့ရိပေါ်ဆီရောက်လာရင်းပြောလာတယ်။ ဟန်ပင်းကဗိုက်ကိုနှိပ်ထားရင်းမျက်နှာကြီးရှုံ့မဲ့နေတယ်။

"ပြောလေ ငါဘာလုပ်ပေးရမလဲ"

တစ်ခုခုဖြစ်နေပုံရတဲ့ဟန်ပင်းကိုရိပေါ်မေးလိုက်တယ်။ ကျောင်းတက်တာတစ်လကျော်လာပြီဆိုတော့မေဂျာထဲကလူတွေနဲ့သိသင့်သလောက်တော့သိနေပြီ။ အရမ်းကြီးရင်းနှီးနေတာမျိုးမဟုတ်ပေမယ့်မေးထူးခေါ်ပြောဆက်ဆံရေးမျိုးပေါ့။

"ရော့ နေ့လည်2:00ကျရင်လူငယ်ပန်းချီပညာရှင်များဆွေးနွေးပွဲရှိတယ် ငါညကဘာအစားမှားလဲမသိဘူး ဝမ်းလျှောနေလို့မသွားနိုင်တော့ဘူး မင်းငါ့အစားသွားပေးပါလား"

ဗိုက်ကိုလက်တစ်ဖက်နဲ့ဖိထားရင်းကနေ ကျန်တဲ့လက်တစ်ဖက်နဲ့စာရွက်တစ်ရွက်ကို ဟန်ပင်းကပေးလာတယ်။

"မင်းနဲ့အတူလျိုချင်းအာလည်းပါလိမ့်မယ် ယောကျာ်းလေးတစ်ယောက် မိန်းကလေးတစ်ယောက်သွားရမှာ ငါမသွားနိုင်လို့ကူညီပါဦး"

Came From Deepest SomewhereWhere stories live. Discover now