Chapter-28

144 4 0
                                    

ဒီနေ့ကအလုပ်ပိတ်ရက်။ ဝမ်ရိပေါ်အလုပ်သွားစရာမလိုဘူး။ ဒီနေ့ကအားတယ်။ ကျောင်းလည်းပိတ်တဲ့တနဂ်နွေမို့အိပ်ရေးဝအောင်အိပ်ပစ်လိုက်ဖို့အပြင်ဘာအလုပ်မှမရှိဘူး။ ဘာမှမလုပ်ဘဲနှပ်နေလို့ရပေမယ့်ရိပေါ်ကပုံမှန်ရက်တွေအတိုင်းစောစောနိုးနေလို့ရေတောင်ချိုးပြီးနေပြီ။ အလုပ်ပိတ်ရက်မို့အလုပ်မသွားရပေမယ့် ရိပေါ်မှာသွားချင်တဲ့နေရာတစ်နေရာရှိတယ်။ ကျန့်ကောရဲ့ပန်းချီပြခန်းကိုသွားဖို့တွေးထားတယ်။ ကျန်တဲ့ရက်တွေကျရိပေါ်မှမအားတာ။ လာခဲ့ပါလို့မခေါ်ပေမယ့်လည်းဝမ်ရိပေါ်ကဝမ်ရိပေါ်ဘဲလေ။မသွားဘဲလည်းမနေနိုင်ဘူး။

"ဘယ်သွားမလို့အဲ့လောက်ပြင်နေတာလဲ ဖေ့သား စောစောစီးစီး"

နိုးတာကြာပြီဖြစ်ပေမယ့်အပျင်းကြောဆွဲပြီးစောင်ပုံထဲကလည်းမထွက်၊မျက်နှာလည်းထမသစ်တဲ့လင်းဝေ့ကတစ်ဖက်ကုတင်ကနေ ရိပေါ်ကိုလှမ်းမေးတယ်။ ကျောင်းပိတ်ရက်ဆိုတော့လင်းဝေ့တို့ကမနက်စာကိုနေ့လည်စာနဲ့ပေါင်းစားတော့မယ့်ပုံဘဲ။

"ကျန့်ကောရဲ့ပန်းချီပြခန်းကိုသွားမလို့"

မီးခိုးရင့်ရောင်လှိုင်းတွန့်ဆံပင်တွေကိုပုံကျအောင်လုပ်နေရင်းရိပေါ်လှမ်းဖြေတော့ လင်းဝေ့ကမျက်နှာကိုမဲ့ပြတယ်။ ရိပေါ်ကတော့သိပ်ဂရုမစိုက်ပါဘူး။ ကျန့်ကောနဲ့တွေ့ရရင်ပြီးရောဘဲ။

"ပန်းချီကားဝယ်ဖို့တော့မဟုတ်ဘူးမလားဗျ ရိပေါ်ကောကော"

ရွဲ့သလိုလိုမေးလာတဲ့လင်းဝေ့အမေးကိုရိပေါ်ချက်ချင်းခေါင်းယမ်းပြလိုက်တယ်။

"မဟုတ်ဘူး ကျန့်ကောကိုတွေ့ချင်လို့"

ရိပေါ်အဖြေကိုကြားတော့ လင်းဝေ့ကသက်ပြင်းအသာချတယ်။

"ချစ်ရုံ၊တွေ့ချင်ရုံဘဲလား ရိပေါ်
မင်းပြောမပြတော့ဘူးလား နောက်ကျသွားရင်ဘယ်လိုလုပ်မလဲ"

အတည်ကြီးပြောလာတဲ့လင်းဝေ့စကား​ကြောင့် ရိပေါ်နည်းနည်းတော့တွေဝေသွားတယ်။ ဒါပေမယ့်ဒီတစ်ခါနောက်အကျမခံတော့ပါဘူး။ ကျိန်းသေပြောဖြစ်အောင်ပြောမှာ။ စွန့်လွှတ်ရရင်တောင်ပြောဖြစ်အောင်ပြောမှာပါဘဲ။ အခုချက်ချင်းမဟုတ်ပေမယ့်ပေါ့။

Came From Deepest SomewhereWhere stories live. Discover now