Idk

0 0 0
                                    

တစ်စက်ကလေးတောင်မှ အိပ်ရေးမဝ,ဘူး။
ငါနဲ့မတူဘဲ မနေ့ကတစ်ညလုံး တစ်နေ့လုံး
အားအင်အပြည့်နဲ့ နည်းနည်းမှပင်ပန်းပုံမပြတဲ့
ခန့်သာအောင်က ခုထိလည်း လန်းဆန်းနေတုန်း။
သူတစ်ညလုံးမအိပ်ခဲ့ဘူး။
ငါ့ကို ရိုက်ပုတ်နမ်းရှုံ့ဖက်ယှက်နေခဲ့တာနဲ့တင်
မိုးလင်းလာတာ။

"လာ လမ်းလျှောက်ရအောင်။ ကမ်းခြေကိုတအားတွေ့ချင်နေပြီ"

အိပ်ချင်ပြေမလားဆိုတဲ့စိတ်နဲ့
မျက်လုံးတွေကို အားနဲ့ဖိဖိပွတ်ပြီးတော့
ငါကြိုးစားပြီး အိပ်ယာထတယ်။
မနက်စောစောထချင်တဲ့ဆန္ဒတော့ပြည့်တယ်။
အောက်က ခန့်သာအောင်ကိုနှိမ်ပြီး ငုံ့ကြည့်ချင်တဲ့ဆန္ဒတော့ပြည့်မသွားခဲ့ဘူး။
သူက ငါ့ကုတက်ပေါ်ပါမက၊ ငါ့ဗိုက်ပေါ်မှာပါ
တက်ထိုင်နေခဲ့တာကိုး။
မကောင်းဆိုးဝါးမကြီး။

ရေချိုးလိုက်တော့လည်း
နည်းနည်းလန်းလာသလိုပါပဲ။
မနက်၆နာရီဆိုတော့ ချမ်းစိမ့်စိမ့်တော့
ဖြစ်နေသေးတယ်။
ဒါပေမယ့်လည်း ကော်ဖီတစ်ခွက်ဖျော်သောက်ရင်း
ကမ်းခြေမှာလမ်းလျှောက်ချင်တဲ့ဆန္ဒကို
ဖြည့်ပေးရတာပေါ့။
မဖြည့်ပေးရင်လည်း ငါအဲ့ကုတင်ပေါ်မှာတင်
ခေါင်းအုံးနဲ့ရိုက်သတ်ခံရလို့
သေနေမှာ။

"စောက်ရမ်းအေးတယ်။ ပြန်ရအောင်"

လေတွေက တဝူးဝူးနဲ့
လူပါလွှင့်တော့မယ်။

ခန့်သာအောင်ကိုကြည့်တော့လည်း
သူ့မျက်နှာက မအီမသာနဲ့

"အေ နင်ပြောမှ"

ဗိုက်ကိုကိုင်ရင်း

"ငါလည်းအိမ်သာတက်ချင်နေပြီ။ ညနေမှလျှောက်ရအောင်"

မနေ့ညကတော့ ကောင်းလှချည်ရဲ့၊
ကြိုက်လှချည်ရဲ့၊
ပင်လယ်စာဟင်းက သူ့အတွက် နတ်သဒ္ဓါသမျှ
ဆိုပြီး
အသားကုန် သွပ်ထည့်ထားတာ ခံလေ ခံပေါ့။

"ဒါနဲ့- ငါပြောခဲ့တဲ့အကြောင်းလေ အဲ့တာကိုဘယ်လိုသဘောရလဲ"

"..."

"ငါနဲ့လေ.."

"မသိဘူး။ သေချာမတွေးတတ်သေးဘူး"

"..."

"အစကတည်းက ငါ့ကိုကြိုက်မနေခဲ့ဘူးလေ နင်က"

"အေ အခုကြိုက်နေတာက စောက်ပြဿနာ။ အစကတည်းက ငါ့ကိုမကြိုက်ခဲ့တာကနင်ပါ!! စောက်ပြဿနာပဲဟေ့!!! နင်က ငါ့ကိုသနားစရာကောင်းအောင်လုပ်နေတယ်။နင် glimpse of usနဲ့ ဆွေးနေရင်ဘယ်လိုလုပ်မလဲ။ စောက်တလွဲ ရည်းစား။ ဒီစောက်ပြဿနာထဲငါဝင်မပါချင်တော့ဘူးဟာ!"

သဲတွေကို ဆုပ်ဆုပ်ပြီး
ကျောက်ဆောင်ကြီးတွေကိုပက်ပက်ရင်း
ဒေါသထွက်ထွက်နဲ့ သောင်းကျန်နေတော့
ခန့်သာအောင်က ရယ်တယ်လေ။

"ငါ စောက်ပြစ်မပြောချင်လို့ စဥ်းစားဦးမယ်ပြောနေတယ်​လေ! နင် အဲ့ပန်းစံပယ်ကိုမေ့ချင်ရုံသက်သက်မဲ့ ငါကနင့်ဆီခစားမယ်ပေါ့ ဟုတ်လား! ဖုန်ရှူလိုက်! ဖုန်အရှည်ကြီးရှူလိုက်!! ဘာလဲ နောက်ဆုံး ငါနင့်ကိုကြိုက်နေတာသိသွားတာနဲ့ပဲ အညှာမိပြီထင်တယ်ပေါ့။ နင်ဒီလိုနဲ့ ပန်းစံပယ်က လာညွှန့်ရင်ပြန်ပါသွားမယ်မဟုတ်လား။ အဲ့ချိန် ငါက ဘယ်လိုကျန်ရစ်ခဲ့ရမှာလဲ။ တောက်! ငါကပဲစောက်အမှား!"

ဘယ်နေရာ ဟာသမြှောက်နေလဲမသိပါဘူး။
ခန့်သာအောင်က ရယ်ရင်းရယ်ရင်းနဲ့
သဲပုံပေါ် လူးလူးလှိမ့်လှိမ့်။

"မရယ်နဲ့။ ဟာသမဟုတ်ဘူး"

"ငါ့ကို ပါသွားမှာစိတ်ပူစရာမလိုဘူးလေ။ ပန်းစံပယ်
ကဘယ်တော့မှ လာညွှန့်မှာမဟုတ်ဘူး"

"..."

"ဟုတ်တယ်မှတ်လား"

You've reached the end of published parts.

⏰ Last updated: Dec 28, 2024 ⏰

Add this story to your Library to get notified about new parts!

Bullying Is Bad But When She's Just Too Beautiful Where stories live. Discover now