Unicode
ဇာတ်လိုက်အား မျက်တောင်မခတ်ငမ်းနေတဲ့ ဇာတ်လိုက်မကိုကြည်ရကာ နှိုင်းခေါင်းယမ်းလိုက်သည်။ ကွေးနေတာကိုဖြောင့်အောင်ပြန်လုပ်လို့ရမတဲ့လား ဟွန့်။
[ host ကိုဘယ်သူကပြောလဲ ဇာတ်လိုက်ကကွေးနေတာလို့ ]
' ငါပြောတာလေ ဇာတ်လိုက်ကကွေးနေတာအသိသာကြီး '
[ မကွေးပါဘူးဆို ]
' မကွေးရင် မူလကိုယ်ကိုဘာလို့ကြိုက်မှာလဲ '
[ အဲ့တာက မူလကိုယ်နဲ့လေ အခုက host လေ မတူဘူး mission ကိုလဲသတိရပါဦး ဇာတ်လိုက်ကိုမြူဆွယ်ရမှာနော် ]
' ကြက်သီးထစရာကြီး မြူဆွယ်တာမဟုတ်ပါဘူး ဇာတ်လိုက်ဆီက စိတ်ဝင်စားမှုရအောင် လုပ်ရမှာ '
[ တူတူပဲလေ ]
' ထားလိုက်တော့ ငါ့ကို ဘားတန်းလေးပြပါဦး '
[ ဟွန်း ဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုဘားတန်း 40% ပါ ]
' ဝါး ဘာမှမလုပ်ရပဲ 10% တိုးလာတယ်ကြည််စမ်း '
[ ဘာကိုဘာမှမလုပ်ရမှာလဲ အခန်းထဲမှာ မွမွပေးပြီး host ကို မာကင်ပေးထားတာ ဘာမှမလုပ်တာလား ]
' ဘာ ပိုင်ပိုင် ဘာပြောလိုက်တာ ငါမကြားလိုက်လို့ '
ပိုင်ပိုင်တစ်ယောက် သူပြောတာကို မကြားချင်ယောင်ဆောင်နေတဲ့ host ကိုကြည််မရတော့တာကြောင့်
[ ကျွန်တော် စင်ပေါ်က မိုက်နဲ့ပြောပေးရမလား ]
' ရတယ် မလိုပါဘူး အခု နားကောင်းသွားပြီ စောနက နားပိတ်နေလို့ '
[ မြူဆွယ်တုံးက မြူဆွယ်ပြီး အခုမှလာရှကာနေသေးတယ် အံ့သြဘ ]
' ငါမြူဆွယ်တာမဟုတ်ပါဘူး သူ့ဘာသာသူလာနမ်းတာ '
[ အဲ့တာက host ]
' တော်ပါတော့ ပိုင်ပိုင်ရယ် ရှစ်ကြီးခိုးပါရဲ့ အဲ့ကိစ္စထပ်မပြောပါနဲ့တော့ကွာ '
[ အမလေးဟယ် အရင်ကမ္ဘာတွေတုံးက မိုးမမြင်လေမမြင် ကဲခဲ့တာသူမဟုတ်တဲ့အတိုင်း ]
' ပိုင်ပိုင်! '
[ ဟီး သိုလှောင်ပစ္စည်း အသစ်ပွင့်နေပြီတဲ့ စစ်ကြည့်လိုက်ဦးမယ် ]
YOU ARE READING
ဗီလိန်အားကယ်တင်ခြင်း ( System ) (Complete)
Fantasyအကောင့်ဟောင်းထဲ ပြန်ဝင်မရတော့လို့ ဒီအကောင့်လေးမှာပဲ အစကနေအဆုံးထိတင်ပေးပါတော့မယ်နော် ( စာပြင်ထားပါတယ် )