မန္တလာမြေမှစတဲ့ အချစ် Part-1(U&Z)

1.8K 95 16
                                    

1.3.2024 သောကြာနေ့ 9:00Am

"သားငယ်ရေ ရှိုင်းလေ ပြီးသေးဘူးလား မားမားတို့သွားရအောင်လေ နေမြင့်နေပြီ"

"ဟုတ် မားမား သားပြီးပါပြီ သားလာပြီမား"

"သားအထုပ်တွေကားပေါ်တင်လိုက်သား ဖေကြီးရေဖေကြီး သွားရအောင်လေ"

"လာပါပြီ မြရယ် လာပါပြီကွာ၊ သား မားမားကတော့အမြဲတမ်းလောနေတာပဲ"

ဖေကြီးရဲ့မားမားကိုစနောက်ကြည်စယ်လိုက်တဲ့သံကြောင့် ရှိုင်းလေးသဘောကျပြီးရီနေလေရဲ့
"ဟီး............"

"လောရမယ်ရှင် မလောလို့မရဘူးလောရမယ် ဖေကြီးတို့သားဖ‌တတွေက *ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတစ်လှေချက်*တွေ"

"ဟောဗျာ....."(သဘောကျသောလေသံဖြင့်)

"ကဲ သွားကြမယ်ဗျာ သားရောမားမားရော ကားပေါ်တက်ကျ"

အားလုံးကားပေါ်တက်ဖို့လုပ်နေတဲ့အချိန် ရှိုင်းလေးရဲ့မျက်လုံးတွေကတစ်စုံတစ်ခုကိုရှာနေဟန်ဖြင့်ဘေးဘီဝယ်ယာကိုရှောက်ကြည့်ပြီ

"မားမား ကိုကြီးရောမလိုက်ဘူးလား"

"အော် သားကိုကြီးက ဒီမှာဖေကြီးမရှိရင်အလုပ်တွေဦးစီးမယ့်သူမရှိလို့ သူနေခဲ့မယ်တဲ့လေ"

"ဟော ဟိုမှာသားကိုကြီးလာပါပြီရှင်"

"ကိုကြီး သားတို့နဲ့မလိုက်ဘူးလား ကျောင်းပိတ်ရက်လေး ဘွားဘွားကိုအတူတူသွားတွေ့မယ်လေ"

"ကိုကြီးက မလိုက်တော့ပါဘူး ဖေကြီးမရှိရင်ဒီမှာဦးစီးမယ့်သူမရှိဘူးလေ ဘွားဘွားကိုလဲပြောပေးပါအုံး ကိုကြီးအချိန်ရရင်လိုက်လာခဲ့မယ်လို့။ နော်"

"အင်းပါ ကိုကြီး သားပြောလိုက်ပါ့မယ်"

"ဟိုရောက်ရင်လဲ ဘွားဘွားကိုတအားဆိုးမနေနဲ့နော်"

"သားကမဆိုးပါဘူး ကိုကြီးကလဲ၊ အာ့ဆို သားတို့သွားတော့မယ်နော်"

"အင်းအင်း ဖေကြီးကားကိုဂရုစိုက်မောင်းနော် ဘွားဘွားစီရောက်ရင် သားကိုဖုန်းဆက်အုံး"

" တာ့တာ........"

"ဘူး.........."(ကားစက်နှိုး၍မောင်းထွက်သွားသောအသံ)

မန္တလာမြေမှစတဲ့ အချစ်Where stories live. Discover now