မန္တလာမြေမှစတဲ့ အချစ် Part-18(U&Z)

659 36 5
                                    

ကိုယ်ရောင်ရှိုန်ဝါတောက်ပြောင်မှုနဲ့ရင်ကော့ခေါင်းမော့ကာမာန်ချီဝင့်နေသော မျက်နှာနဲ့ မာနထောင်လွှားပြနေတဲ့ ဒေါ်မူယာကျော့မှာ Vita နဲ့မျက်လုံးချင်းဆိုင်ကြည့်လိုက်ပြီး......

"ဒါဆို ကျမ စကားဒါအကုန်ပဲ ခွင့်ပြုပါအုံး"

ဒေါ်မူယာကျော့ဟာ ဝင့်ကြွားစွာနေရာကနေထလိုက်ပြီး Vita အနားကို သွားလိုက်တာပေါ့။

"မင်း ငါနဲ့လိုက်ခဲ့ ပြောစရာရှိတယ်"

Vita ဟာ မျက်မှောင် အတိကျုံ့ထားပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားတာပေါ့၊ အဲ့အချိန် Vita ရင်ထဲမှာ စိုးရိမ်ပူပမ်မှုတွေရော ဒေါသတွေရော ဖုံးလွှမ်းနေပြီး သူ့ရင်ထဲမှာဗလောင်ဆူနေတာပေါ့။ Vita က ရှိုင်းလေကို စကားလုံးပေါင်းများစွာဖော်ကြူးနေတဲ့ အကြည့်တွေနဲ့ တစ်ချက်ကြည့်လိုက်ပြီး ဒေါ်မူယာကျော့ နောက်ကိုလိုက်သွားလိုက်တာပေါ့။

ရှိုင်းလေးက Vita ကိုလဲ စိတ်ပူ ဘာဆက်ဖြစ်လာမလဲဆိုတာကိုလဲ သူပူပမ်နေပြီး ဘွားမြရီနဲ့ ကိုကြီးတို့နားလေးမှာ သွားထိုင်လိုက်တာပေါ့။

ဒေါ်မူယာကျော့ဟာ Vita ရဲ့ အိမ်ခန်းဆီကိုတည့်တည့်မတ်မတ် ဝင်သွားလိုက်ပြီး Vita ရဲ့အသုံးအဆောင် ပစ္စည်းတွေ အိင်္ကျီတွေကို သူကိုယ်တိုင် အလောတကြီး ထည့်သိမ်းတော့တာပေါ့။

"အမေ ဒါ ဘာလုပ်တာလဲ"

"မင်း အခုချက်ချင်း ငါနဲ့လိုက်ခဲ့ရမယ် Vita၊ ငါကတော့ မင်းကိုချစ်လွန်းလို့ လွတ်လွတ်လပ်လပ်နေပါစေဆိုပြီး အလိုလိုက် လွှတ်ထားပေးခဲ့တာ အခုတော့ မင်းက အရှက်မရှိတဲ့ လုပ်ရက်နဲ့သိက္ခာချလိုက်တာပေါ့လေ Vita မင်းဒီမှာဆက်မနေရဘူး ငါနဲ့လိုက်ခဲ့ရမယ်"

"ကျွန်တော်မလိုက်နိုင်ဘူး ကျွန်တော် ရှိုင်းနဲ့ပဲနေမှာ"

"မင်း ရူးနေလား Vita"

"ဟုတ်တယ် ကျွန်တော်ရူးနေတာ ၊ အမေတို့ဆီကမရခဲ့တဲ့ ကျွန်တော် အလိုချင်ဆုံးအရာကို ရှိုင်းနဲ့သူ့မိသားစုဆီကနေရနေလို့ ကျွန်တော်ရူးသွားပြီ"

"မင်းက ငါဒီလောက် အမြင့်ကို မြှင့်တင်ပေးနေတာကို မင်းက ခုန်ဆင်းချင်နေတယ်ပေါ့၊ မင်းကိုယ်မင်းဘာဆိုတာသိရဲ့လား ပြီးတော့ သူတို့ကမင်းဘဝကို ကောင်းမွန်လာအောင် တိုးတတ်လာအောင် လုပ်ပေးနိုင်မယ်ထင်လို့လား မင်းဘဝကိုပဲ လူများတတ်နင်းအောင်ပဲ လုပ်နေကြတာ အဲ့ဒါမင်းသိရဲ့လား"

မန္တလာမြေမှစတဲ့ အချစ်Where stories live. Discover now