တစ်ရက်ပြီးတစ်ရက် ပိုတိုးလာတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဂရုစိုက်မှုတွေက အချိန်တိုလေးတွင်းမှာ ဖြစ်ပေါ်လာခဲ့တာ ညှိယူစရာမလိုအောင်နားလည်မှုတွေအပြည့်နဲ့ပေါ့။ကလေးလေးတစ်ယောက်လို အလိုလိုက်အချစ်ခံရတဲ့ ရှိုင်းလေးဟာ Vita အပေါ်ကိုလဲဂရုစိုက်ကြင်နာပေးဖို့ နွေးထွေးတဲ့ရင်ခွင်လေးအဖြစ်လဲရှိနေပေးတာပေါ့။ နှစ်ယောက်အတူတူရှိနေတဲ့အချိန်တွေဟာ တစ်ကမ္ဘာထင်ရလောက်အောင် ဖြူစင်တဲ့အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ အခန်းလေးထဲက စာကြည့်စာပွဲနားလေးမှာ ရှိုင်းလေး ငေးမောတွေဝေစွာထိုင်နေတာပေါ့။
"ရှိုင်း အိပ်သေးဘူးလား"
"မောင် ဘာတွေလုပ်နေတာလဲ အောက်ထပ်မှာအကြာကြီးပဲ"
"စားပြီးသားပန်းကန်တွေဆေးနေလို့ကြာနေတာပါ ဘာလို့လဲ"
"မျက်နှာကလဲ မှုန်သုန်နေတာပဲ ဘာဖြစ်လို့လဲ ဟင်"
ရှိုင်းက သူထိုင်နေတဲ့ ထိုင်ခုံလေးကနေထလိုက်ကာ Vita ရဲ့လက်ကို လှမ်းဆွဲလိုက်ပြီး ထိုင်ခုံပေါ်ကိုထိုင်ခိုင်းလိုက်တာပေါ့။ Vita တစ်ယောက်ထိုင်ခုံပေါ်ထိုင်ပြီးတာနဲ့ ရှိုင်းဟာ Vita ရဲ့ ပေါင်ပေါ်ကို မျက်နှာချင်းဆိုင်တက်ထိုင်လိုက်ကာ သူ့ရဲ့လက်လေးတွေကို Vita ပုခုံးပေါ်ကနေသိုင်းဖက်ထားလိုက်တာပေါ့။
"မောင်"
"အင်း ပြောလေ ရှိုင်း ဘာလို့လဲ"
"နောက်(၂)ရက်လောက်နေရင် ဘွားဘွားက တရားစခန်းကနေပြန်လာတော့မှာ"
"အင်း ဟုတ်တယ်လေ မောင်တို့ အတူတူ ကြီးမေကိုသွားခေါ်ကြမှာလေ ဘာလို့လဲ"
"ပြီးတော့ ကိုကြီးက ဒီမှာ ရှိုင်းတို့နဲ့ အတူလာနေမှာတဲ့ ရှိုင်းရန်ကုန်မပြန်ခင်အထိ"
"အင်း အဲ့တော့"
"ဟာ မောင်ကလဲ ကိုကြီးတို့ ဘွားဘွားတို့ အိမ်ပြန်လာရင် ရှိုင်းနဲ့မောင်က ခွဲနေရမှာနော် ပြီးတော့ အခုလိုလဲ ရင်းရင်းနှီးနှီးနေလို့လဲ မရတော့ဘူး"
Vita က ရှိုင်းရဲ့စူပုတ်ပုတ်ဖြစ်နေတဲ့ မျက်နှာလေးကိုကြည့်ပြီး နဖူးပေါ်မှာကျနေတဲ့ဆံပင်လေးတွေကို လက်ချောင်းလေးနဲ့ သပ်ပေးနေတာပေါ့။
YOU ARE READING
မန္တလာမြေမှစတဲ့ အချစ်
Romanceစာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ မန္တလေးသားလေးနဲ့ရန်ကုန်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုချိုချိုအီအီလေးဖတ်ရမြှာဖစ်ပါတယ်။ မန္တလေးနဲ့ရန်ကုန်ဝေးတာကိုဘယ်လိုစုံတွေ့ပြီးဘယ်လိုဇာတ်လမ်းတွေစမလဲဆိုတာ စာရေးသူနဲ့အတူတူစိတ်ကူးပုံဖော်ကြည့်ရအောင်......