"အင်း ရှိုင်းလဲ Vita ကို ချစ်ပါတယ်"🤭🤭
အချစ်တွေ ရင်ခုန်မှုတွေနဲ့ပြည့်နှက်နေတဲ့ အေးချမ်းတဲ့ညလေးမှာ ရှိုင်းရော Vitaရော ပျော်ရွှင်မှုအတိနဲ့ အတွေးကမ္ဘာထဲမှာနစ်မျော်ရင်း ပြုံးနေပြီး နောက်ရက်တွေမှာ အတူတူပျော်ရွှင်စွာဖြတ်သန်းရမယ့်နေ့ရက်လေးတွေကို စိတ်ကူးယဉ်ပြီး ကြည်နူးပျော်ရွှင်နေတာပေါ့။ Vita ဟာသူ့ရဲ့ မမျှော်လင့်ရဲတဲ့ အဖြေတစ်ခုကို ရှိုင်းရဲ့ နှုတ်ခမ်းကနေတိုက်ရိုက်ကြားလိုက်ရတာဟာ သူ့အတွက်အိမ်မက်မက်နေသလားလို့ထင်ရလောက်တဲ့ထိကို မယုံနိုင်အောင်ဖြစ်ပြီး အတွေးထဲမှာထပ်ခါတစ်လဲလဲ ပြန်တွေးကြည့်နေတော့သည်။ပျော်ရွှင်စရာတွေပြန်လည်အသက်ဝင်လာတဲ့ Vita အတွက် ဒီနေ့ရက်လေးဟာ တစ်ကယ်ကိုတန်ဖိုးရှိပြီး သူ့ဘဝရဲ့ အထီးကျန်မှုတွေကို ပယ်ဖျက်သွားသလိုပေါ့။
မနက်မိုးလင်းလို့မျက်စိဖွင့်တာနဲ့ Vita တစ်ယောက် ရှိုင်းဆီ သွားဖို့ပြင်ပါတော့တယ် Vita ကအချစ်တွေနဲ့ နိုးထလာပြီး တတ်ကြွလန်ဆန်းမှု အပြည့်နဲ့ဆိုပေမဲ့ ရှိုင်းကတော့ ညနက်တဲ့အထိ စိတ်ကူးထဲမှာပျော်မွှေ့ရင်း ရင်ခုန်နေတော့ မနိုသေးဘူးလေ။Vita က အိမ်အကူစန်းစန်းဆီက သော့အပိုကိုယူပြီး ရှိုင်းရဲ့ အိပ်ခန်းရှိရာကိုတတ်သွားတာပေါ့၊ ရှိုင်း ရဲ့အခန်းက အတွင်းကလော့ချထားတာမို့ အခန်းပေါက်ရောက်တာနဲ့ ယူလာတဲ့သော့ပိုလေးနဲ့ဖွင့်ပြီး ရှိုင်းရဲ့ အိပ်ယာဘေးကို ခြေသံအလုံနဲ့တိတ်ဆိတ်စွာ ဝင်သွားလိုက်တယ်။
ကြည်လင်နေတဲ့မျက်နှာလေးနဲ့ ကလေးလေးတစ်ယောက်လို နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ရှိုင်းလေးကိုကြည့်ပြီး Vita ရဲ့မျက်လုံးနဲ့အပြုံးတွေက ကြင်နာယုယမှုအပြည့်နဲ့ပေါ့၊ Vita က အိပ်ပျော်နေတဲ့ ရှိုင်းရဲ့ ဘေးနားလေးမှာထိုင်လိုက်ပြီး ရှိုင်းရဲ့ နဖူးပေါ်မှာ ကျနေတဲ့ဆံပင်းလေးတွေကို လက်ကလေးနဲ့သပ်ပေးလိုက် ဖြူဥနေတဲ့ပါးလေးကို အသာလေးထိကိုင်ကြည့်လိုက် စင်းနေတဲ့မျက်တောင်လေးတွေကို ဖွဖွလေးထိကြည့်လိုက်နဲ့ပေါ့။
Vita က ရှိုင်းကိုသေချာကြည့်နေပြီး သူ့နှုတ်ခမ်းထပ်မှာ အပြုံးချိုချိုလေးတွေသန်းနေတာပေါ့၊အဲ့အချိန်မှာပဲ Vita ရဲ့မျက်လုံးအကြည့်တွေ အစဉ်တစ်စိုက်ရောက်ရှိသွားတာကတော့ ပန်းနုရောင်သန်းနေတဲ့ ရှိုင်းရဲ့ နှုတ်ခမ်းပါးလေးထပ်ကိုပါပဲ။
YOU ARE READING
မန္တလာမြေမှစတဲ့ အချစ်
Romanceစာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ မန္တလေးသားလေးနဲ့ရန်ကုန်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုချိုချိုအီအီလေးဖတ်ရမြှာဖစ်ပါတယ်။ မန္တလေးနဲ့ရန်ကုန်ဝေးတာကိုဘယ်လိုစုံတွေ့ပြီးဘယ်လိုဇာတ်လမ်းတွေစမလဲဆိုတာ စာရေးသူနဲ့အတူတူစိတ်ကူးပုံဖော်ကြည့်ရအောင်......