ဆံပင်လေးတွေ အဆင်ပြေပုံကျသွားတော့ Vitaသူ့လက်မှာကိုင်ထားတဲ့ ဦးထုပ်လေးကိုဆိုင်ကယ်မှာချိတ်လိုက်ပြီး
"အဆင်ပြေသွားပြီ သွားရအောင်"
Vitaရဲ့အသံအေးအေးလေးနဲ့ပြောလိုက်တော့မှ ရှိုင်းအသိပြန်ဝင်လာပြီး ခေါင်းလေးကိုအသာအယာကိုင်ပွတ်ကာ Vita ရဲ့နောက်ကနေ လိုက်သွားတာပေါ့။
(101 st Theit Pan st Mandalay New Yangon)ဆိုင်ထဲကိုဝင်သွားသည်နှင့် ဝန်ထမ်းများမှဖော်ရွေစွာကြိုဆိုဆက်ဆံပြီး menu book လေးကိုလာပေးသည်။Vita က ရှိုင်းကိုတစ်ချက်လှမ်းမေးလိုက်သည်။
"ရှိုင်း ဘာစားမှာလဲ"
ရှိုင်းက menu ကြည့်ပြီ သူစားချင်တာကို မှာလိုက်တာပေါ့။
"ကျွန်တော့်ကို ပသျှူးထမင်းကြော် တစ်ပွဲရယ်၊ပုဇွန် ချဉ်စပ် တစ်ပွဲရယ်ပေးပါ"
"ကျွန်တော်ကို သီးစုံထမင်းကြော်ရယ် ကြက်ဉမွှေကြော်အလွတ် တစ်ပွဲရယ် ပေးပါ၊အအေးကို passion juice ပေး"
"ရှိုင်းရော အအေးဘာသောက်မလဲ""Kiwi juice ပဲပေးပါ"
နေကလဲအတော်မြင့်နေပြီး နေလည်စာစားချိန်ကိုကျော်နေပြီမို့ ရှိုင်းလေးဗိုက်အတော်ဆာနေသည်။မှာထားတာတွေရောက်တော့ ရှိုင်းလေးထမင်းကြော်ကို ကလေးတစ်ယောက်လို အားရပါးရစားနေတာပေါ့၊Vitaကတော့ ရှိုင်းရဲ့ကလေးတစ်ယောက်လိုစားနေတာကိုကြည့်ပြီး အူယားပြီးသဘောကျနေတာက မျက်လုံးများမှေးကျဉ်းသွားသည်အထိကိုပြုံးလိုက်သည်။
"ရှိုင်း ဖြေးဖြေးစားပါ နောက်ကကျားလိုက်နေတဲ့အတိုင်းပဲစားနေတာ ကလေးလေးကျနေတာပဲ"
Vita ကစနောက်ပြီးပြောလိုက်တာပေါ့၊အဲ့အချိန် ရှိုင်းရဲ့ပါးစပ်ထဲမှာက ထမင်းတွေပလုတ်ပလောင်းနဲ့ Vitaကိုမော့ကြည့်ပြီး ရှက်ပြုံးလေးမသိမသာပြုံးလိုက်သည်။ရှိုင်းရဲ့အပြုံးတွေပြန်မရုပ်သိမ်းရသေးခင်မှာပဲ Vita ရဲ့ညာဘက် လက်လေးက ကိုင်ထားတဲ့ ဇွန်းကိုလွှတ်ချလိုက်ပြီး ရှိုင်းရဲ့ပါးလေးကိုဖွဖွလေးထိကိုင်ပြီး နှုတ်ခမ်းနားတစ်ဝိုက်ကို လက်ချောင်းလေးနဲ့ အသာအယာ ပွတ်သပ်ပေးနေတာပေါ့၊Vita ရဲ့အပြုအမူကြောင့် ရှိုင်းတစ်ယောက် ရှက်သွေးများဖြာပြီး ပါးတွေနီလာသည်။ဒါဟာ ဘယ်လို အခြေအနေလဲဆိုတာကို ဝေခွဲလို့မရသည်ထိ ရှုပ်ထွေးသွားပြီး သူ့တစ်ကိုယ်လုံး ပူလောင်လာတယ်လို့ ခံစားနေရတာပေါ့။
YOU ARE READING
မန္တလာမြေမှစတဲ့ အချစ်
Romanceစာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ မန္တလေးသားလေးနဲ့ရန်ကုန်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုချိုချိုအီအီလေးဖတ်ရမြှာဖစ်ပါတယ်။ မန္တလေးနဲ့ရန်ကုန်ဝေးတာကိုဘယ်လိုစုံတွေ့ပြီးဘယ်လိုဇာတ်လမ်းတွေစမလဲဆိုတာ စာရေးသူနဲ့အတူတူစိတ်ကူးပုံဖော်ကြည့်ရအောင်......