ဘွားမြရီဟာ သူ့မြေးနှစ်ယောက်ကိုစနောက်ပြီး ရီရီမောမောနဲ့ အခန်းထဲကိုပြန်ဝင်သွားကာ အိပ်ယာပေါ်မှာထိုင်လိုက်တာပေါ့။ ဘွားမြရီဟာ အိပ်ယာဘေးက အံဆွဲပါတဲ့ စာပွဲလေးတစ်လုံးကိုလှမ်းကြည့်လိုက်ပြီး အောက်ဆုံးအံဆွဲလေးကို ဆွဲဖွင့်လိုက်ကာ ဓာတ်ပုံဟောင်းလေးတစ်ခုကို ထုတ်ယူလိုက်တာပေါ့။ ဘွားမြရီဟာ ဓာတ်ပုံလေးကို တယုတယကြည့်ရင်း နှုတ်ခမ်းမှာက ကြင်နာတဲ့အပြုံးနဲ့ မျက်လုံးကလွမ်းဆွတ်မှုကိုဖော်ပြနေတာပေါ့။
အချစ်ဆိုတဲ့အရာဟာ တစ်ကယ်တော့ အရမ်းကိုလေးနက်ပြီး လှပတဲ့အရာလေးပါ။တစ်ကယ်ချစ်မိပြီဆိုရင် အချိန်တွေဘယ်လောက်ကြာကြာ နှစ်တွေဘယ်လောက်ပဲပြောင်းသွားပြောင်းသွား ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်တဲ့အချစ်ပါ။
လူတိုင်းကချစ်တတ်ပါတယ် ဒါပေမဲ့ချစ်တဲ့ပုံချင်းမတူကြဘူး ဘယ်လိုချစ်လဲဆိုတာကို ခွဲခြားတတ်ဖို့လိုပါတယ်။တစ်ချို့က ချစ်ကြပါတယ် ဒါပေမဲ့မတည်မြဲကြဘူး ကြာလာရင်ရိုးသွားတယ် ပြောင်လဲသွားကြတယ် ဒါဟာတစ်ကယ်မချစ်ခဲ့လို့မဟုတ်ပါဘူး ချစ်ခဲ့ကြပါတယ် ဒါပေမဲ့ နှလုံးသားကလာတဲ့အချစ်နဲ့တော့မဟုတ်ဘူး ဦးနှောက်ကလာတဲ့ အချစ်မျက်စိကလာတဲ့အချစ်နဲ့မို့ပြောင်းလဲကုန်ကြတာပါ။
လူတစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်းထပ်တူကြပြီးချစ်ကြတယ်ဆိုရင် အနားမှာမရှိတော့ရင်တောင်ချစ်နေအုံးမှာပါပဲ။အချစ်ရဲ့အဓိပ္ပယ်နဲ့အချစ်ကဘယ်လိုလဲဆိုတာကို သိခြင်လို့ Google မှာရှာကြည့်မယ်ဆိုရင်တောင် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအများကြီးကိုတွေ့ရမှာပါ ဒါပေမဲ့ လူနှစ်ယောက်တစ်ကယ်ချစ်မိသွားကြရင် အချစ်ကဘာလဲဆိုတာကို သူ့အလိုလိုသိလာမှာပါ။
ဘွားမြရီရဲ့ရင်ထဲမှာလဲ တစ်ချိန်တုန်းက နှလုံးသားနဲ့ချစ်ခဲ့ရတဲ့သူလေးတစ်ဦးရှိခဲ့တာပေါ့။
(နောက်ကြောင်းပြန်သည်)
ဒေါ်ခင်မေဆိုတာ မျက်လုံးဝိုင်းဝိုင်း မျက်ခုံးမျက်တောင် ကောင်းကောင်း နှုတ်ခမ်းဖူးဖူး နက်မှောင်တဲ့ဆံပင် ဝင်းမွတ်တဲ့အသားအရေနဲ့ ယောကျ်ားတိုင်း ပိုင်ဆိုင်ချင်တဲ့ မိန်းမလှလေးတစ်ဦးပေါ့၊ ဘွားမြရီနဲ့ဒေါ်ခင်မေတို့ဟာ တက္ကသိုလ်ကျောင်းတစ်ခုမှာ ဆုံတွေ့ခဲ့ပြီး သံယောဇဉ်တွေတွယ်ငြိခဲ့ကြတာပေါ့။တစ်ယူသန်လွန်းတဲ့ပတ်ဝန်းကျင်ကို ခက်ခက်ခဲခဲရင်ဆိုင်လက်တွဲခဲ့ကြပေမယ့် ဒေါ်ခင်မေမှာသွေးကင်ဆာရောဂါကိုခံစားခဲ့ရတာပေါ့။ အသည်းနှလုံးတစ်ခုလုံးကို ဆွဲစုတ်ပစ်လိုက်သလိုခံစားခဲ့ကြတဲ့သူတို့နှစ်ဦးဟာ အဆုံးထိဖေးဖေးမမနဲ့အနားမှာရှိပေးခဲ့ကြတာပေါ့။
YOU ARE READING
မန္တလာမြေမှစတဲ့ အချစ်
Romanceစာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ မန္တလေးသားလေးနဲ့ရန်ကုန်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုချိုချိုအီအီလေးဖတ်ရမြှာဖစ်ပါတယ်။ မန္တလေးနဲ့ရန်ကုန်ဝေးတာကိုဘယ်လိုစုံတွေ့ပြီးဘယ်လိုဇာတ်လမ်းတွေစမလဲဆိုတာ စာရေးသူနဲ့အတူတူစိတ်ကူးပုံဖော်ကြည့်ရအောင်......