"မေမေ ပြီးပြီလား သားတို့သွားရအောင်လေ ပွဲစတော့မယ်"
"အမလေး သားရယ် ပြီးပါပြီ ပွဲက (၃:၀၀)မှ စမှာပါ အခုမှ (၁:၃၀)ပဲရှိပါသေးတယ်"
"သား ရှိုင်းကို မြင်ချင်နေပြီ ဒီနေ့ပွဲလေးမှာ ဘယ်လောက်တောင် ချစ်စရာကောင်းပြီး ကြည့်ကောင်းနေမလဲ မသိဘူး ရင်တွေခုန်လိုက်တာ"
"မေမေ ပြီးရင် သားတို့သွားရအောင်လေ"
"နေပါအုံး သားရယ် ညီမလေးကို စောင့်ရအုံးမယ်လေ"
"အော် ဟုတ်သားပဲ"
Vita ဟာ သူ့ဘရဲ့ အပျော်ဆုံးအချိန်နဲ့ အမျှော်လင့်ခဲ့ရဆုံး ရက်လေးကို ရောက်ရှိလာတော့ သူရင်တွေထိန်းချုပ်မရအောင်ခုန်နေပြီး ခြေတုန်လက်တုန်ဖြစ်နေတာပေါ့။
"မေမေ အငယ်မက မပြီးသေးဘူးလား ကြာလိုက်တာ"
"ပြီးပါပြီ ကိုကိုရယ် မိတ်ကပ်ပြင်နေရင်းနဲ့တောင် ကိုကို့ရဲ့ တာဆူနေတဲ့ အသံကို ကြားနေရတယ် ကြာတော့ မိတ်ကပ်ဆရာတောင် နားမခံနိုင်တော့ဘူး"
"အမလေးတော် ကျမ အထဲမှာ မိတ်ကပ်ပဲ ဆက်လိမ်းရမှာလား ထပဲပြေးရတော့မလားမသိဘူး ကိုတော်ချော ပြီးပြီးရှင်"
အနားမှာ ရှိနေတဲ့ သူတွေ အကုန်းလုံးက Vita ရဲ့ပြာယာခက်ပြီးဖြစ်နေတဲ့ပုံကိုကြည့်ပြီး ဝိုင်းစနေကြတာပေါ့။
[အချိန်တွေက ကုန်တာမြန်တယ်လို့ပဲ ဆိုရမလားနော် လွန်ခဲ့တဲ့ နှစ်နှစ်က စတွေ့ခဲ့တဲ့ အချိန်တွေက တစ်ကယ်ကို မနေ့တစ်နေ့ကလိုပဲ အရင်ကတည်းက မျှော်လင့်ခဲ့ရတဲ့ နေ့လေးက ဒီလိုနေ့လေးမှာ တစ်ကယ်ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော် မယုံနိုင်သေးဘူ] (Vita အတွေးထဲတွင်)
Vita ရဲ့မျက်နှာမှာ ပီတိတွေ အပြည့်နဲ့ သူတွေးတော ရေရွတ်နေတာပေါ့။
ကြည်ပြာလဲ့နေတဲ့ ရေပြင်ကြီးကို နောက်ခံထားပြီး ညနေခင်းရောင်ခြည်လေးပြန့်ကျလာချိန် လေနှင့် အတူလွင့်ပါနေတဲ့ ပုဝါ ပိတ်ဖြူလေးတွေက အရမ်းကို စိတ်ကူးယဉ်ဆန်နေပြီး ရေမျက်နှာပြင်မှာ ထင်ဟပ်နေတဲ့ နေရောင်က အချိန်ကောင်းကို စောင့်ဆိုင်းပြီး ကျရောက်လာသလားလို့ပင် ထင်ရအောင် ပြီးပြည့်စုံလွန်းနေတာပေါ့
YOU ARE READING
မန္တလာမြေမှစတဲ့ အချစ်
Romanceစာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ မန္တလေးသားလေးနဲ့ရန်ကုန်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုချိုချိုအီအီလေးဖတ်ရမြှာဖစ်ပါတယ်။ မန္တလေးနဲ့ရန်ကုန်ဝေးတာကိုဘယ်လိုစုံတွေ့ပြီးဘယ်လိုဇာတ်လမ်းတွေစမလဲဆိုတာ စာရေးသူနဲ့အတူတူစိတ်ကူးပုံဖော်ကြည့်ရအောင်......