နေမင်းကြီးလဲ ပျောက်ကွယ်သွားပြီး မှောင်ရီပျိုးလာတာနဲ့ ရှိုင်းနဲ့ Vita တို့နှစ်ယောက် အိမ်ကိုပြန်လာခဲ့လိုက်တော့သည်။ Vita က အိမ်ရောက်တော့ သူ့ရဲ့ အတွေးတစ်ခုကိုအကောင်အထည်ဖော်ဖို့ စလိုက်တာပေါ့။
"ရှိုင်...."
"ဟင်..."
"ရှိုင်း မှောင်လဲနေပြီ ပြီးတော့ ဒီနေ့ စန်းစန်းနဲ့ ကိုမြင့်ဇော်က ခွင့်ယူထားတယ်မလာ အိမ်မှာ ရှိုင်းတစ်ယောက်ထဲ ဖြစ်နေမှာပေါ့"
"အင်း စန်းစန်းနဲ့ ကိုမြင့်ဇော်ခွင့်ယူထားတာကို မင်းကဘယ်လိုလုပ်ပြီးသိတာလဲ"
"မနက်က ကျွန်တော်လာတုန်းကသိတာလေ"
"အော် အင်း ရပါတယ် ရှိုင်းတစ်ယောက်ထဲနေရဲပါတယ်"
"အော် နေရဲတယ်လား အင်းပါ"
ရှိုင်းက Vita ရဲ့ ဖြစ်သွားတဲ့ မျက်နှာလေးကိုကြည့်ပြီး ရီချင်နေပေမဲ့ သူရီချင်စိတ်ကိုမနည်းထိန်းထားပြီး Vita ကို စနေတာပေါ့ Vita ကတော့ ဆူပုတ်ပုတ်လေး ဖြစ်သွားပြီး သူ ရှိုင်းနဲ့ အတူတူရှိချင်တဲ့ အတွေးလေး လက်လွှတ်လိုက်ရပြီလို့ သူတွေးနေတာပေါ့။
"အာ့ဆို ရှိုင်းလဲ စောစောနားနော် ဘိုင့်ဘိုင်"
Vita က ရှိုင်းကို နှုတ်ဆက်ပြီးတာနဲ့ သူတို့နှစ်ဦးနေရာကနေခွဲပြီး ကိုယ့်အိမ်ကို ဝင်သွားကြတော့သည်။
Vita ဟာ အိပ်ခန်းထဲကိုရောက်တာနဲ့ အိပ်ယာပေါ်မှာ လှဲချလိုက်ပြီး ရင်ဘက်ပေါ်ကိုလက်ကလေးနဲ့ ဖိထားရင်း ဒီနေ့တစ်နေ့တာဖြတ်သန်းခဲ့ရတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို သူပြန်တွေးပြီးပြုံးနေတာပေါ့။
"ဒွီ....ဒွီ..."(ဖုန်းမြည်သံ)
Vita တစ်နေ့တာလုံးက အပျော်တွေကို ပြန်ခံစားပြီးပြုံးနေတုန်းမှာ သူ့ရဲ့ဖုန်းမှာအဝင်ကောတစ်ခုဝင်လာခဲတယ်။ Vita က ဖုန်းကို တစ်ချက်ကြည့်လိုက်တဲ့ အချိန်မှာပဲ နှုတ်ခမ်းက အပြုံးလေးတွေ ပျောက်ကွယ်သွားပြီး ဖုန်းကိုပြန်မဖြေပဲ ချလိုက်တာပေါ့။အဲ့အချိန်မှာ သူအနည်းငယ်စိတ်ရှုပ်သွားပြီး ရေချိုးဖို့ ရေချိုးခန်းထဲကိုဝင်သွားတာပေါ့။
YOU ARE READING
မန္တလာမြေမှစတဲ့ အချစ်
Romanceစာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ မန္တလေးသားလေးနဲ့ရန်ကုန်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုချိုချိုအီအီလေးဖတ်ရမြှာဖစ်ပါတယ်။ မန္တလေးနဲ့ရန်ကုန်ဝေးတာကိုဘယ်လိုစုံတွေ့ပြီးဘယ်လိုဇာတ်လမ်းတွေစမလဲဆိုတာ စာရေးသူနဲ့အတူတူစိတ်ကူးပုံဖော်ကြည့်ရအောင်......