Vita တစ်ယောက်ခပ်မြန်မြန်လေးထွက်လာခဲ့တာပေါ့ အပြင်ရောက်တော့ Vita ရဲ့ မျက်ဝန်းတွေထဲမှာ လျှံတတ်လာတဲ့မျက်ရည်တွေနဲ့ရင်ထဲမှာစို့တတ်လာတဲ့ဝမ်းနည်းမှုကိုဘယ်သူမှမမြင်လေအောင်မျက်ရည်တွေကိုပြန်ထိန်းပြီး စိတ်ကိုဖြေလျှော့နေတာပေါ့ကွယ် 🥺
ကျန်ရှိနေခဲ့တဲ့ ထမင်းဝိုင်းလေးကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ စကားလက်စုံကျနေကြတာပေါ့၊ဒီလိုနဲ့ပဲ တဖြေးဖြေးနဲ့ ရှိုင်းတို့မိသားစုလေး မန္တလေးကိုရောက်တာ (၁)လကြာခဲ့ပြီပေါ့ ၊ဖေကြီးနဲ့မားမားကတော့ အလုပ်ကိစ္စတွေကြောင့် ရန်ကုန်ကိုပြန်သွားကြပြီဖြစ်တယ်။အနေကြာပြီဖြစ်လို့ Vita နဲ့ရှိုင်းကလဲ အတော်အသင့်ရင်းနှီးလာခဲ့ကြတယ်။
တစ်နေ့ ရှိုင်းတစ်ယောက် ခြံထဲက ဒန်းလေးပေါ်မှာထိုင်နေရင်
"မြေးလေး အိမ်ထဲမှာပဲနေနေတာ မပျင်းဘူးလားကွယ်၊ အပြင်လေးဘာလေး လျှောက်လည်ချင်ရင်လည်လေ"
"သားက ဆိုင်ကယ်မှမစီးတတ်တာ ဘွားကလဲ ဘယ်လိုလည်ရမှာလဲ"
"အိမ်မှာ ကားရှိတယ်လေ ကားနဲ့သွားပေါ့မြေးရဲ့"
"သားက ကားနဲ့မသွားချင်ဘူး မန္တလေးမြို့ကိုဆိုင်ကယ်လေးနဲ့ပဲ လည်ချင်တာ ပြီးတော့ သားကလမ်းတွေမသိဘူး"
မြေးဘွားနှစ်ယောက်စကားပြောနေတုန်း Vita ကခြံထဲကို ဝင်လာတယ်။
"ကြီးမေ သား အပြင်သွားမို့လို့ ကြီးမေ ဘာမှာချင်သေးလဲ သားဝယ်ခဲ့မယ်လေ"
ဘွားဒေါ်မြရီရဲ့အိမ်မှာက ဘွားရယ် အိမ်အကူနှစ်ယောက်ရယ်ပဲနေတာမလို့ အပြင်သွားလာဖို့ခက်ခဲတာကြောင့် Vita ကအမြဲတမ်းအပြင်သွားခါနီးရင်အဘွားကိုဤသို့လာလာမေးတတ်ပါတယ်။ဘွားကလဲတစ်ခါတစ်လေလိုအပ်တာရှိသည့်အခါ Vita နဲ့လမ်းကြုံမှာလိုက်တာပေါ့။ခုတစ်ခါမှာလဲ Vitaက ထုံးစံအတိုင်းလာမေးသည်။
Vita ကအပြင်သွားမည်ဟုပြောသည်နှင့် ဘွားဒေါ်မြရီက အကြံတစ်ခုရသွားတာပေါ့
"ဘွား ဘာမှတော့ မှာစရာမရှိပါဘူးကွယ်၊ အော် ဒါနဲ့လေ မြေးလေးအပမ်းမကြီးရင် ဘွားမြေး ရှိုင်းလေးကို အလည်ခေါ်သွားပေးပါလားကွယ်"
"သူလဲ ဘယ်မှမသွားရတော့ပျင်းနေရှာတာ"
"ဘွားတို့အိမ်မှာကလဲ မြင့်ဇော်က ဆိုင်ကယ်မစီးတတ်တော့ ဘွားမြေးကို လိုက်လည်ပေးမဲ့သူမရှိဘူး"
YOU ARE READING
မန္တလာမြေမှစတဲ့ အချစ်
Romanceစာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ မန္တလေးသားလေးနဲ့ရန်ကုန်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုချိုချိုအီအီလေးဖတ်ရမြှာဖစ်ပါတယ်။ မန္တလေးနဲ့ရန်ကုန်ဝေးတာကိုဘယ်လိုစုံတွေ့ပြီးဘယ်လိုဇာတ်လမ်းတွေစမလဲဆိုတာ စာရေးသူနဲ့အတူတူစိတ်ကူးပုံဖော်ကြည့်ရအောင်......