(၁၀)မိနစ်စာရင်ခွင်လေးမှာ ခုန်နေတဲ့ နှလုံးသားလေးက အကြိမ်ရေ(၇၂၀)ထက်(၂)ဆတိုးခုန်နေတာပေါ့။
"မောင်"
"ရှိုင်း အိပ်လို့မရတော့ဘူး၊ မောင့်နှလုံးခုန်သံက အရမ်းကျယ်တာပဲ"
"ဟင် ဟုတ်လား၊ မောင့်နှလုံးသားလေးက ရှိုင်းရဲ့အနားကိုရောက်ရင် စကားနားမထောင်ဘူး အဲဒါ ဘယ်လို့လုပ်ရမလဲ"
"ဟုတ်လား"
"အင်း ဟုတ်တယ်"
Vita နဲ့ ရှိုင်းတို့ဟာ တစ်ယောက်ကိုတစ်ယောက် ကျီစယ်ရင်း ရီမော ကြည်နူးနေကြတာပေါ့။
"ရှိူင်း"
"ဗျာ့"
"ထ မျက်နှာသစ် သွားတိုက် ပြီးရင် အောက်ထပ်မှာ မနက်စာစားဖို့ ကြီးမေစောင့်နေတယ်"
"ဟင့် လမ်းမလျှောက်ချင်ဘူး ခြေထောက်တွေကိုက်နေလို့"
Vita ဟာ ရှိုင်းလေးရဲ့ တမင်သက်သက် မူပြီး ချွဲနွဲ့ပြောတဲ့ ဆိုလိုရင်းကို ချင်ချင်းနားလည်လိုက်ပြီး ရှိုင်းလေးကို သူ့ရှေ့ကနေ ခွလျက် ပွေ့ချီကာ ရေချိုးခန်းအထိ ချီခေါ်သွားလိုက်တာပေါ့။
ချိုမြိန်မှုတွေနဲ့ အစပြိုးလာတဲ့ မနက်ခင်းလေးဟာ ကောင်းကင်ကြီးက ပုံမှန်ထက်ကို ကြည်လင်နေပြီး လေပြေအေးလေးကြောင့် ကြွေလွင့်လာတဲ့ ရွက်ဝါလေးတွေက ပုံမှန်ထက်ကို ကဗျာဆန်နေတာပေါ့။
ရှိုင်းလေး မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ နှစ်ယောက်အတူတူ မနက်စာစားဖို့ဆင်းလာခဲ့ကြတော့သည်။"ဟော မြေးလေး နိုးပြီလား၊ လာ မနက်စာစားရအောင် ကိုကြီး ကို ခေါ်လိုက်ပါအုံးကွယ်၊ Vita မြေးလဲ တစ်ခါတည်းဝင်စားသွား ဘွားပြင်ထားတယ်"
"ဟုတ်ကဲ့ ကြီးမေ"
"ကိုကြီး ဘွားဘွားက မနက်စာစားရအောင်တဲ့"
မြေးဘွားတွေအတူတူ စုံညီစွာ မနက်စာစားကြရင် စကြနောက်ကြနဲ့ ရီမောပျော်ရွှင်နေကြတာပေါ့။
"ရှိုင်း ပေကုန်ပြီ သေချာစားလေ ကလေးကျနေတာပဲ"
Vita ရဲ့ ရှိုင်းအပေါ် သဲသဲလှုပ် ဂရုစိုက်နေပုံကို ကိုကြီးက ကြည့်ပြီး ရှိုင်းလေးကို အူတိုနေတာပေါ့ အရင်က သူ့ညီကို သူပဲသဲသဲလှုပ် ချစ်ပြီး ဂရုစိုက်ခဲ့တာ အခုတော့ Vita ကသူ့ဆီကလုယူသွားလို့ သူမကြည်ဘူပေါ့။
YOU ARE READING
မန္တလာမြေမှစတဲ့ အချစ်
Romanceစာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ မန္တလေးသားလေးနဲ့ရန်ကုန်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုချိုချိုအီအီလေးဖတ်ရမြှာဖစ်ပါတယ်။ မန္တလေးနဲ့ရန်ကုန်ဝေးတာကိုဘယ်လိုစုံတွေ့ပြီးဘယ်လိုဇာတ်လမ်းတွေစမလဲဆိုတာ စာရေးသူနဲ့အတူတူစိတ်ကူးပုံဖော်ကြည့်ရအောင်......