ရှိုင်းလေးကိုကြီးရောက်တဲ့နေ့ကစပြီး ရှိုင်းလေးဟာ Vita နဲ့မတွေ့ရသလောက်ကိုဖြစ်နေတာပေါ့ Vita က အိမ်ကို လာလည်ပေမဲ့ ရှိုင်းရဲ့ကိုကြီးကြောင့် အနားကိုကပ်ခွင့်မရပဲ ခဏလေးနဲ့ပြန်ပြန်သွားရတာပေါ့။ အလွမ်းတွေတာရှည်လာတာနဲ့ရှိုင်းလေးဟာဟန်မဆောင်နိုင်တော့ပဲ Vita ရဲ့အိမ်ရှိရာကို လှမ်းလှမ်းကြည့်ပြီး တစ်မှိုင်မှိုင်တစ်ထွေထွေနဲ့ပေါ့။တစ်နေကုန်လက်ကနေဖုန်းကိုမချနိုင်ပဲဖြစ်နေတာပေါ့။
"ရှိုင်း မင်းဘာဖြစ်နေတာလဲ ငါမင်းကိုကြည့်နေတာကြာပြီ မင်းမူမမှန်ဘူး"
"ဘာမှမဖြစ်ပါဘူး ကိုကြီးကလဲ ရှိုင်း ဂိမ်းဆော့မလို့ပါ"
"ဒွီ....ဒွီ..."(ဖုန်းမြည်သံ)
"ဟလို...အေး...အေး....သူငယ်ချင်း"
ရှိုင်းလေးကဖုန်းကိုချက်ချင်းကိုင်လိုက်ပြီး ကိုကြီးနားကနေ မသိမသာနဲ့ အမြန်ထသွားပြီး အိမ်အပေါ်ထပ်က အခန်းထဲကို သုတ်ပျာနေအောင်ဝင်သွားတာပေါ့။
"ဟလို...မောင်"
"အင်း ရှိုင်း အသံကဘာဖြစ်တာလဲ"
"စောဏက ကိုကြီးအနားမှာရှိနေလို့"
"ရှိုင်းကိုကြီးကလဲ မဟုတ်သေးပါဘူး ရှိုင်းကို ကလေးလဲမဟုတ်ပဲ မျက်စိဒေါင့်ထောက်ကြည့်နေတာ"
"ကိုကြီးက အရင်နဲ့မတူဘူး အရင်ကရှိုင်းကို ဒီလောက်ထိ မျက်စိဒေါင့်ထောက်မကြည့်ဖူးဘူး ကိုကြီး ရိပ်မိနေပြီလားမသိဘူး"
"ရှိုင်း ခဏနော် မောင်ဖုန်းချလိုက်တော့မယ်"
"အင်း...အင်း.."
Vita ဟာဖုန်းကိုရေးကြီးသုတ်ပျာနဲ့ချလိုက်တာပေါ့။ရှိုင်းကတော့ အရေးတကြီးဖုန်းချသွားတဲ့ Vita ကိုကြောင်စီစီလေနဲ့ စဉ်းစားနေတာပေါ့။ရှိုင်းလေးကခေါင်းလေးကုတ်ကာနဲ့ အခန်းကနေထွက်ပြီး အောက်ထပ်ကိုပြန်ဆင်းလာလိုက်တယ်၊ လှေကားအောက်ဆုံးထစ်ကို ရှိုင်းလေး ခြေချလိုက်တာနဲ့ Vita က အိမ်ပေါက်ကနေ ရှိုင်းရှိတဲ့နေရာကို တည့်တည့်မတ်မတ်ကြီးဝင်လာတာပေါ့။ကိုကြီးက ဒီအခြေအနေကို ဧည့်ခန်းမှာ အလုပ်လုပ်ရင်းမျက်မှောင်အတိကျုံ့ထားပြီး မိန့်မိန့်ကြီး ထိုင်ပြီးကြည့်နေတာပေါ့။
YOU ARE READING
မန္တလာမြေမှစတဲ့ အချစ်
Roman d'amourစာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ မန္တလေးသားလေးနဲ့ရန်ကုန်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုချိုချိုအီအီလေးဖတ်ရမြှာဖစ်ပါတယ်။ မန္တလေးနဲ့ရန်ကုန်ဝေးတာကိုဘယ်လိုစုံတွေ့ပြီးဘယ်လိုဇာတ်လမ်းတွေစမလဲဆိုတာ စာရေးသူနဲ့အတူတူစိတ်ကူးပုံဖော်ကြည့်ရအောင်......