1

378 22 0
                                    

Z

တောင်နက်မြို့စားရဲ့ အိမ်တော်ကြီးရှိပင်မခန်းမမှာ ပျော်ပွဲရွှင်ပွဲ ကိုကျင်းပနေသည်။

တောင်နက်မြို့စားရဲ့ အငယ်ဆုံးသမီးလေး ချန်ယွဲ့လျန်က ဆယ်နှစ်အရွယ် မှာ သူမရဲ့ ကုသရေးမှော်စွမ်းအင်ကို အဆင့်တစ်ဆယ်ထိမြင့်တင်နိုင်လို့ တော်ဝင်ကျောင်းတော်က ဖိတ်ကြားလွှာကို ရရှိခဲ့လို့ မြို့စားမင်းကသူမအတွက် ပွဲကျင်းပပေးတယ်။

အားလုံးကပျော်ရွှင်နေကြပြီး ချန်ယွဲ့လျန်အတွက် ဆုတောင်းပေးစကားတွေပြောနေကြသည်။

မြို့စားမင်း က သူ့သမီးငယ်အတွက်ဆုတောင်းစကားကိုကြားတော့ ဂုဏ်ယူစွာနဲ့ ပျော်ရွှင်စွာပြုံးနေသည်။

မြို့စားကတော်ဘေးရှိ အဖြူရောင်ဂါဝန်လေးနဲ့ ချန်ယွဲ့လျန် က နတ်သမီးလေးအလား လှပပြီးချစ်စရာကောင်းနေသည်။

သူမလေးကအသက် ဆယ်နှစ်သာရှိနေပေမယ့် ရုပ်ရည်မှာ မြို့ရဲ့အလှဆုံးမိန်းကလေးဖြစ်တဲ့မိခင်ဖြစ်သူရဲ့အမွေကိုအပြည့်ဝရထားလို့ အရမ်းကို လှပနေပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လှသွေးကြွယ်ပြီး ချစ်စရာကောင်းနေသည်။

ထိုကြောင့် ပွဲလာတက်သူလူကြီးတွေက သူမကို ချစ်စရာအကောင်းဆုံး အိုမေဂါလေးလို့ချီးကျူးကြပြီး ကလေးငယ်တွေက သူမနဲ့နီးကပ်နိုင်ဖို့သူမနားဝိုင်းအုံကြသည်။

ပျော်ရွှင်နေတဲ့ အသံတွေနဲ့ပြည့်နေတဲ့ အိမ်တော်ရှိပွဲခန်းမနဲ့ခြားနားစွာ အိမ်အနောက်ရှိ ပန်းဦးယျဉ်ကြီးရဲ့ အလယ်မှာ ဆယ်နှစ်ရွယ်ကောင်လေးတစ်ယောက်က တိတ်ဆိတ်စွာထိုင်ပြီး ပွဲရှိတဲ့ခန်းမကို ငေးနေတယ်။

ကောင်လေးရဲ့အမည်က ချန်ရဲ့ဖြစ်တယ်။
သူက ချန်ယွဲ့လျန် နဲ့အသက်ခုနှစ်ရက်သာကွာတဲ့ အဖေတူအမေကွဲ အစ်ကိုဖြစ်ပြီး တောင်နက်မြို့စား၏ တရားမဝင်သားဖြစ်တယ်။

သူ့အမေကစွန့်စားသူတစ်ယောက်ဖြစ်ပြီး လှပတဲ့ရုပ်ရည်ရှိတဲ့ ဘီတာမိန်းကလေးတစ်ယောက်ဖြစ်တယ်။

သူ့တစ်နှစ်သားအရွယ်မှာ သူ့အမေက သူ့ကို ထားသွားပြီး မြို့စားအိမ်တော်ကနေထွက်သွားတယ်။

မိသားစု က ငါ့ကို ပျော့ညံ့တယ်လို့ ထင်ကြတယ် Where stories live. Discover now