Z
ပိုင်စစ်ဟော်ယဲ့က ချန်ရဲ့သူ့စကားကို စိတ်ဝင်စားလာသိတော့ ပျော်ရွှင်သွားတယ်။ သူ့လေသံက စစ်မှန်လာပြီး
“ သူတို့ကြောင့် အခုဆို မင်း မှော်စွမ်းအင်နဲ့ဓာတ်မတည့်လဲ မှော်ကမ္ဘာမှာ ကောင်းကောင်းမွန်မွန်နဲ့ရှင်သန်နိုင်ပြီး... မင်းကသန်မာတဲ့မှော်ဆရာမဖြစ်နိုင်ပေမယ့် အင်အားကြီးတဲ့အင်မော်တယ်ဖြစ်နိုင်တယ် ဒါကြောင့် မင်းရဲ့ရှေ့ရေးအတွက် ဘာမှစိတ်ပူစရာမလိုဘူး...
ငါဒီမှာရှိနေရတဲ့အကြောင်းက မင်းကို အင်မော်တယ် ကျင့်ကြံရေးနည်းလမ်းတွေသင်ပေးဖို့ပဲ... ”ချန်ရဲ့က ထိုသို့ကြားတော့ မျှော်လင့်ချက်ရှိစွာ မေးလာတယ်။
“ဒါဆို ကျွန်တော်က မှော်ဆရာမဖြစ်နိုင်လဲ သန်မာနိုင်တယ်ပေါ့”ပိုင်စစ်ဟော်ယဲ့က ခေါင်းညိတ်ပြီး ထောက်ခံစွာ “ဟုတ်တယ် မင်းအမေက အရမ်းသန်မာတဲ့ အင်မော်တယ်ပဲ မင်းမှာ သူမရဲ့ သွေးနဲ့ စွမ်းအင်တွေ စီးဆင်းနေတော့ မင်းလည်းသူမလို သန်မာမှာပဲ”
ထိုသို့ကြားတော့ ချန်ရဲ့က စိတ်ပိုင်းဖြတ်ပြီး ဒူးထောက်ကာ ပိုင်စစ်ဟော်ယဲ့ကို တောင်းဆိုလိုက်တယ်။
“ဒါဆို ကျွန်တော် အင်မော်တယ် ဖြစ်ချင်တယ်
ကျွန်တော့်ကို အင်မော်တယ်ဖြစ်လာအောင် သင်ပေးပါ ဆရာ... ”သူ့ရဲ့အပြုမှုကိုတွေ့တော့ ပိုင်စစ်ဟော်ယဲ့ က ဤသို့ပြောလိုက်သည်။
“ကောင်းပြီလေ မင်းရဲ့ခန္ဓာကိုယ်က ကျင့်ကြံဖို့သင့်တော်ပြီးလားဆိုတာကြည့်လိုက်မယ်”ပိုင်စစ်ဟော်ယဲ့က ထိုသို့ပြောပြီး ချန်ရဲ့ကို သူ့ရဲ့ နတ်ဘုရားအာရုံနဲ့စစ်ဆေးလိုက်တယ်။
ချန်ရဲ့ ငယ်ငယ်တုန်းက ခန္ဓာကိုယ်အရမ်းအားနည်းလို့ ကျင့်ကြံဖို့မသင့်တော်ဘူး။
ဒါကြောင့် သူ့အမေက သူမရဲ့ စွမ်းအင်တစ်ဝက်သုံးပြီး သူ့ကိုကြံ့ခိုင်လာဖို့ ရေရှည်ကုသရေးလုပ်ပေးတာ။
သူမရဲ့ကြီးမားတဲ့ စွမ်းအင်အများစုက သူ့ခန္ဓာကိုယ်မှာ ချိပ်ပိတ်ထားပြီး အနည်းငယ်တဲ့စွမ်းအင်တွေကသာ သူ့ကိုကုသဖို့ သူ့ကိုယ်ထဲလှည့်ပတ်နေတယ်။
YOU ARE READING
မိသားစု က ငါ့ကို ပျော့ညံ့တယ်လို့ ထင်ကြတယ်
Fantasyချန်ရဲ့က မှော်စွမ်းအင်နဲ့ဓာတ်မတည့်တဲ့ရောဂါကို ခံစားရလို့ မိသားစုက သူ့ကို ပျော့ညံ့ပြီး အထိခိုက်မခံတဲ့သူလို့ ထင်ကြတယ်။ ဒါပေမဲ့ သူက သူတို့ထင်သလိုမဟုတ်ဘူး။ *** ချန်ရဲ့က မှော်စွမ်းအင်နဲ့ဓာတ်မတည့်တဲ့ရောဂါကို ခံစားရလို့ မိသားစုက သူ့ကို ပျော့ညံ့ပြီး အထိခိ...