8

113 15 0
                                    

Z

နောက်တနေ့ ချန်ရဲ့နိုးလာတဲ့အခါ မျက်လုံးကိုဖြည်းဖြည်းချင်း ဖွင့်ရင်း နွေးထွေးလုံခြုံတဲ့တဲအိမ်လေးရဲ့ခေါင်မိုးကိုတွေ့မှ သူကတောထဲမှာရှိနေတာကို မှတ်မိသွားတယ်။

သူအိပ်ချင်စိတ်ပျယ်သွားပြီး လျင်မြန်စွာ ထလိုက်ပြီးတဲပြင်ထွက်လိုက်တယ်။ သူတဲအပြင်မှာရောက်တော့ သူ့ဆရာက နေထွက်ရာဘက်ကို မော့ပြီးကြည့်နေတာတွေ့လိုက်တယ်။

ဒါကြောင့် သူတဲအိမ်ကိုသိမ်းပြီး သူ့ဆရာဆီသော့သော့သွားလိုက်တယ်။

“ဆရာ”

ပိုင်စစ်ဟော်ယဲ့က ချန်ယဲ့အသံကိုကြားလို့ လှည့်ကြည့်လိုက်တယ်။
ဒါကြောင့် နေရောင်ခြည်အောက်မှာသူ့ဆီကို သော့သော့လေးလှမ်းလာနေတဲ့ ချန်ယဲ့ကိုတွေ့လိုက်တယ်။

ချန်ယဲ့က သူ့အကြည့်အောက်မှာပဲသူ့ရှေ့ကိုရောက်လာပြီး နားဝင်ပျော်တဲ့အသံလွင်လွင်နဲ့မေးလာတယ်။

“ဆရာ ဘယ်တုန်းကအပြင်ကိုထွက်လာတာလဲဟင်...
ဘာလို့ကျွန်တော့ကိုမနိုးတာလဲ...”

ပိုင်စစ်ဟော်ယဲ့ ထိုသို့ကြားတော့ က ချန်ယဲ့ကို အပြုံးတစ်ခုပေးလိုက်တယ်။
“ဒီနေ့က ပထမရက်မို့မင်းကို ကောင်းကောင်းအနားပေးလိုက်တာ
နောက်ရက်ဆို မင်းစောစောထရမယ်...
အခုမင်းနိုးပြီးဆိုတော့ တနေ့တာရှင်သန်ဖို့လုပ်ဆောင်တော့ ”

ထိုစကားကိုပြောပြီး လျှိ့ဝှက်တဲ့အပြုံးနဲ့ချန်ယဲ့ကိုကြည့်လိုက်တယ်။

ချန်ယဲ့ကတော့သူ့ကိုဖြူစင်တဲ့မျက်လုံးနဲ့နားမလည်စွာပြန်ကြည့်လိုက်တယ်။
...

ပိုင်စစ်ဟော်ယဲ့က ချန်ယဲ့ကို ကိုယ်လက်ဆေးကြောသန့်စင်ဖို့ ရေရှာခိုင်းတယ်။

ချန်ယဲ့က တစ်နာရီလောက်တောထဲကိုလျှောက်ပတ်ပြီး ရေစီးသန်တဲ့ရေတံခွန်တစ်ခုမှာ ကိုယ်လက်သန့်စင်လိုက်တယ်။
သူကိုယ်လက်သန့်စင်လို့ပြီးတော့ ဗိုက်ဆာလာတယ်။

ဒါကြောင့် ရေတံခွန်ဘေးက ကျောက်တောင်မှာအခန့်သားထိုင်နေတဲ့ သူ့ဆရာကိုကြည့်ပြီးမေးလိုက်တယ်။
“ဆရာ ကျွန်တော်ဗိုက်ဆာပြီး ကျွန်တော်တို့စားစရာမယူလာတော့ အခုဘာစားရမလဲ”

မိသားစု က ငါ့ကို ပျော့ညံ့တယ်လို့ ထင်ကြတယ် Where stories live. Discover now