9

99 14 0
                                    

Z

နေရှိန်ပူတောက်တဲ့နေ့လယ်ခင်းတစ်ခုမှာ ချန်ယဲ့က အားကုန်သုံးပြီးပြေးလွှားနေရတယ်။

သူပြေးလာတဲ့နောက်မှာ တောဝက်တစ်အုပ်လိုက်နေတယ်။

ကောင်းကင်ထက်မှာတော့ ပိုင်စစ်ဟော်ယဲ့ က လေဟုန်စီးပြီး သူ့ကိုလိုက်ကြည့်နေတယ်။ သူ့ရဲ့အမြင်အာရုံစူးရှတဲ့မျက်လုံးတွေနဲ့ ချန်ယဲ့ကိုယ်ထဲက အလျင်မြန်ကုန်ဆုံးလာတဲ့စွမ်းအင်တွေကို ကြည့်ပြီး ခေါင်းခါကာ
"ဟေ့! ချန်ယဲ့...မင်းကတော့မဟုတ်တော့ဘူး...
မင်းပြေးနေတာနဲ့မင်းရဲ့စွမ်းအင်တွေကုန်တော့မယ်...
မနက်ထဲကစပြီးအခုချိန်ထိ မင်း သာမာန်သားရဲတစ်ကောင်တောင်မှ မဖမ်းရသေးဘူး...
မင်းက ချီစွမ်းအင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူရဲ့ ဂုဏ်သိက္ခာကိုချနေတဲ့သူပဲ...
အဲ့မှာရပ်ပြီး မင်းနောက်က ဝက်ငတုံးတစ်သိုက်ကို ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်လိုက်စမ်း..."

အရူးအမူးပြေးနေတဲ့ချန်ယဲ့က ထိုသို့ကြားတော့ အကြောက်အကန်နဲ့ ငြင်းဆိုလိုက်တယ်။
"ဟင့်အင်း!ကျွန်တော်ကြောက်တယ်...
ဆရာ တောဝက်တွေက အုပ်လိုက်ကြီးနဲ့ကို...ပြီးတော့ ကျွန်တော် ဘာအတိုက်ခိုက်ပညာမှာမသင်ရသေးဘူး... ဒီလိုသားရဲရိုင်းတွေနဲ့ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး"

သူ့စကားကို ကြားတော့ ပိုင်စစ်ဟော်ယဲ့ က သက်ပြင်းချပြီးကိုယ့်နဖူးပြန်ရိုက်ကာ ချန်ယဲ့ကို ပြောလိုက်တယ်။

" မင်းရဲ့ကြောက်တတ်တဲ့စိတ်က ဘယ်ကနေရလာတာလဲ... ရဲ့ဝံ့ပြတ်သားတဲ့မင်းအမေငယ်ငယ်တုန်းကနဲ့ကွာပ... မင်းကို တပည့်အဖြစ်လက်ခံမိတာ ငါနောင်တရချင်နေပြီး...နားထောင် ဒီနေ့မင်းဒီတောဝက်တွေကိုရအောင်ချနိုင်ရမယ် မဟုတ်ရင် မင်းနားလို့မရဘူး စားဖို့လည်းမတွေးနဲ့"

ပြေးနေတဲ့ချန်ယဲ့က ထိုသို့ကြားတော့ စိတ်ထဲနေလို့မကောင်းတော့ပဲ မခံချင်စိတ်တွေဖြစ်လာတယ်။
ဒါကြောင့် သူက အသံကျယ်ကြီးနဲ့ သူ့ဆရာကို ပြန်အော်လိုက်တယ်။

"ကျွန်တော်လည်း ဆရာနောက်လိုက်လာမိတာ နောင်တရတယ်!..."

"မင်း...ဘာပြောတယ်"
ပိုင်စစ်ဟော်ယဲ့ က ချန်ယဲ့ဆီကပြန်အော်တာခံရတော့ မျက်လုံးပြူးကျယ်လာပြီးလေပေါ်မှာရပ်တန့်သွားတယ်။

မိသားစု က ငါ့ကို ပျော့ညံ့တယ်လို့ ထင်ကြတယ် Where stories live. Discover now