10

126 17 0
                                    

Z

ဒီနေ့ဟာ ချန်ယဲ့က ဓားတစ်လက်နဲ့ တောကိုပတ်ပေမယ့် တကယ့်မှော်သားရဲနဲ့တွေ့တဲ့အခါ သူထွက်ပြေးတာပဲများတယ်။

သူ့ကိုသူစွမ်းအားကြီးတာသိပေမယ့် ကြောက်စရာကောင်းတဲ့ မှော်သားရဲတွေရဲ့အသွင်အပြင်ကိုတွေ့တဲ့အခါ ထွက်ပြေးချင်လာတဲ့သူ့ရဲ့ခြေထောက်ကိုမထိန်းထားနိုင်ဘူး။

ပိုင်စစ်ဟော်ယဲ့က အဆင့်တစ်မှော်သားရဲဖြစ်တဲ့ ဦးချိုရှည်နွားလိုက်ခွပ်လို့ ဓားကိုကိုင်ပြီးပြေးနေတဲ့ ချန်ရဲ့ကို ကြည့်ပြီး ခေါင်းတသွင်သွင်ခါလိုက်တယ်။

ချန်ယဲ့က တကယ်ကို ကြောက်စိတ်ကြီးတဲ့ကောင်လေးတစ်ယောက်ပဲ သူ့မှာ ထက်မြတ်တဲ့ ဓားရှိပေမယ့် ဆူကြွတဲ့သွေးတွေရှိမနေဘူး။

သူတစ်ခုခု လုပ်မှရမယ်။ မဟုတ်ရင် ချန်ယဲ့ကို ကျွမ်းကျင်တဲ့ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်လာဖို့ သူတသက်လုံးစောင့်နေရလိမ့်မယ်။

ပိုင်စစ်ဟော်ယဲ့ က တွေးပြီး ချန်ယဲ့နဲ့ စိတ်ဝိညာဉ်ဆက်သွယ်ပြီး သတင်းဆိုးပေးလိုက်တယ်။

“ချန်ယဲ့ ဆရာအခု တောထဲမှာပြေးလွှားနေတဲ့မင်းကိုကြည့်ပြီး အမြင်တစ်ချို့ရလာလို့ တံခါးပိတ်ကျင့်ကြံချင်တယ်။ မင်းမှာ စွမ်းအားကြီးတဲ့ ပိုင်ကျင့်ဓားရှိသလို အစွမ်းထက်တဲ့ စိတ်ဝိညာဉ်စွမ်းအင်လည်းရှိတဲ့အတွက် မင်းတစ်ယောက်ထဲ တောထဲမှာ အသက်ရှင်ဖို့မခက်ဘူးထင်တယ်... ဒါကြောင့် ဆရာတံခါးပိတ်ကျင့်ကြံဖို့လုပ်တော့မယ်... တာ့တာ့ပါတပည့်လေး နောက်တစ်လမှတွေ့ကြမယ်... အဲ့ဒီအချိန်မှ မင်းကို ဖီးနစ်မီးမာန်ဓားသိုင်းကို သင်ပေးမယ်... ဒီအချိန်တစ်လအတွင်းမှာ မင်းဓားကိုကောင်းကောင်းကိုင်ဆောင်တတ်အောင် သင်ထားအုံး...ဓားကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဝေ့ယမ်းခုတ်တတ်အောင်သေသေချာချာ လေ့ကျင့်ထား... ဒါပဲ...သွားပြီး တကယ့်တာ့တာ့နော်... ”

ပိုင်စစ်ဟော်ယဲ့ က ချန်ယဲ့ကို သတင်းဆိုးပေးပြီးတော့ သူ့ရဲ့ အာကာသနယ်မြေထဲကို အတွေးတစ်ချက်နဲ့ ဝင်သွားလိုက်တယ်။

ချန်ယဲ့က သူ့ကိုလျင်မြန်စွာလှည့်ကြည့်ပေမယ့် နောက်ကျသွားပြီး။

မိသားစု က ငါ့ကို ပျော့ညံ့တယ်လို့ ထင်ကြတယ် Where stories live. Discover now