7

122 14 0
                                    

Z



အခန်းထဲပြန်ရောက်တော့ ချန်ရဲ့က သူ့ဆရာကိုကြည့်ပြီး သိချင်စိတ်နဲ့ မေးလိုက်တယ်။
“ဆရာ ခုနတုန်းက ကျွန်တော်တို့သွားတဲ့နေရာက ဘယ်နေရာဟင်”

သူ့ဆရာက တည်ငြိမ်စွာ နဲ့ သူ့ကိုပြန်ပြောလာတယ်။

“ခုနတုန်းက ငါမင်းကို ငါ့ရဲ့အာကာသနယ်မြေထဲကိုခေါ်သွားတာ
မင်း အစစ်မှန် အင်မော်တယ် ဖြစ်လာတဲ့အခါ မင်းဆီမှာ အာကာသနယ်မြေရှိလာမယ်”

သူ့ဆရာရဲ့အဖြေကိုကြားတော့ ချန်ရဲ့၏မျက်လုံးကတောက်ပလာပြီး သူ့စိတ်ကလည်းပျော်ရွှင်တက်ကြွလာတယ်။
“ကျွန်တော် သိပြီး ကျွန်တော် အစစ်မှန် အင်မော်တယ် ဖြစ်လာဖို့ ကောင်းကောင်းကျင့်ကြံမယ်”

သူ့စကားကိုကြားတော့ သူ့ဆရာက လေသံအေးအေးနဲ့ဒီလိုပြောလာတယ်။
“မင်းအခု အဲဒီနေရာနဲ့ အလှမ်းဝေးသေးတယ် လျောက်တွေးမနေနဲ့ အခုမင်းလုပ်ရမှာက ဓားကိုလေ့ကျင့်ဖို့ပဲ... သွား ခရီးရှည်ထွက်ဖို့ အဝတ်အစားတွေကိုသိုလှောင်လက်ကောက်ထဲထည့်လိုက်”

အဲ့လိုကြားတော့ ချန်ရဲ့လည်း သူ့ဆရာစကားအတိုင်း သိုလှောင်လက်ကောက်ထဲကို ခရီးထွက်ဖို့အတွက် အဝတ်အစားတွေထည့်သိမ်းလိုက်တယ်။

......

ညအချိန်ခါမှာ မြို့စားစံအိမ်တော်တစ်ခုလုံးက ကင်းလှည့်နေတဲ့အစောင့်များ၏ခြေသံမှလွဲလို့ တိတ်ဆိတ်နေတယ်။

အဲဒီအချိန်မှာပဲ အနက်ရောင်တစ်ကိုယ်လုံးဝတ်ထားတဲ့ ချန်ရဲ့က အစောင့်တွေကို ကွေ့ပတ်ရှောင်ထွက်ပြီး စံအိမ်တော်အပြင်ကို ခိုးထွက်လာတယ်။

သူ့ဆရာက အာကာသနယ်မြေထဲကို ပြန်ဝင်သွားပြီး။ သူ့ဆရာရဲ့ အာကာသနယ်မြေဟာ သူ့စိတ်ဝိညာဉ်နယ်မြေနဲ့ချိတ်ဆက်ထားပြီး သူ့ကိုအာရုံခံလို့ရတယ်။

သူ့ဆရာဟာ သူ့စိတ်ဝိညာဉ်နယ်မြေကတစ်ဆင့်သူ့ရဲ့
အနီးကပတ်ဝန်းကျင်ကို ထောက်လှမ်းပေးပြီး အစောင့်တွေမမြင်နိုင်တဲ့လမ်းကိုပြောပေးတယ်။

နောက်တစ်ခုက သူ့ဆရာက သူ့ကို ဖုံးကွယ်ခြင်းအဆောင်ပေးထားလို့ သူ့အနေနဲ့  မြို့စားစံအိမ်တော်ကနေ ချောချောမွေ့မွေ့ထွက်လာနိုင်ပြီး မြို့ပြင်ကို အောင်အောင်မြင်မြင်နဲ့ခိုးထွက်လာနိုင်တယ်။

မိသားစု က ငါ့ကို ပျော့ညံ့တယ်လို့ ထင်ကြတယ် Where stories live. Discover now