5

157 19 0
                                    

Z

ချန်ရဲ့ပုံစံနဲ့ ပိုင်စစ်ဟော်ယဲ့ က အခန်းထဲပြန်ရောက်တော့ ရုပ်ပြောင်းလဲမန္တန်ကို ဖျက်လိုက်ပြီး သူ့မူရင်းပုံစံကိုပြန်ပြောင်းလိုက်တယ်။

သူကကျင့်ကြံနေတဲ့ချန်ရဲ့ကိုကြည့်ပြီးပြုံးလိုက်တယ်။
“ကောင်လေး မင်းကို ချစ်ခင်ကာကွယ်ပေးတဲ့ လူနှစ်ယောက်တောင်ရှိနေတယ်
   ဒါကြောင့် ကိုယ့်ကိုယ်ကို ဘယ်သူမှမချစ်လို့ဆိုပြီး အားငယ်စရာမလိုဘူး... မင်းသန်မာလာရင် သူတို့နဲ့အတူ အပြင်ထွက်လည်နိုင်မှာ ဒါကြောင့် ကြိုးစားပြီး ကျင့်ကြံလိုက်... ”

သူ ချန်ရဲ့ကို ပြောလို့ပြီးတော့ ကုတင်ပေါ်တက်ပြီး သူ့အကြောင်းကို ထိုင်တွေးလိုက်တယ်။

‘ ဒီဆယ်နှစ်အတွင်း ငါအာကာသနယ်မြေထဲမှာ ကျင့်ကြံနေလို့ အပြင်မထွက်ရတာတောင်ကြာနေပြီး ချန်ရဲ့ စွမ်းအင်စုဆောင်းခြင်းရဲ့နောက်ဆုံးအဆင့်ကိုရောက်ရင် သူ့ကိုခေါ်ပြီး အပြင်မှာ လေ့ကျင့်ရေးလုပ်ခိုင်းရမယ်
      သူ့ကိုယ်ထဲကသခင်ထည့်ပေးတဲ့ စွမ်းအင်တွေမကုန်ခင် သူ့ကို အာကာသနယ်မြေတစ်ခု လုပ်ပေးမှဖြစ်မယ်
     မဟုတ်ရင် သခင်ပေးထားတဲ့စွမ်းအင်တွေကုန်သွားရင် သူဆက်ကျင့်ကြံလို့ရမှာမဟုတ်ဘူး
  သူမှော်စွမ်းအင်နဲ့ ကျင့်ကြံလို့မရတာ ကံဆိုးတာပဲ ’

သူတွေးနေတုန်း အပြင်ဘက်က အသံတစ်ခုကိုကြားလိုက်တယ်။
    “သခင်လေး ကျွန်မ မနက်စာလာပို့တယ် ”

ထိုအသံကြောင့် သူတံခါးဘက်ကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်တယ်။

ရက်ရှည်ကျင့်ကြံရာမှာ အဆင်ပြေဖို့ ချန်ရဲ့ကို အစာခံဆေးလုံးကျွေးထားပေမယ့် အစေခံတွေ ထမင်းလာပို့မှာကို သူမတွေးထားဘူး။

ဒါကြောင့် သူက အခန်းထဲမှာ ပုံရိပ်ယောင်မန္တန်တစ်ခုလုပ်ပြီး အစေခံကို ဝင်ခိုင်းလိုက်တယ်။

ထမင်းပို့ပြီးအစေခံပြန်သွားတော့ ပိုင်စစ်ဟော်ယဲ့ က ကျင့်ကြံနေသေးတဲ့ချန်ရဲ့ကို ကြည့်ပြီး ထမင်းပွဲကိုကြည့်ပြီး ချန်ရဲ့ကို ပြောလိုက်တယ်။

“ငါ သေမျိုးအစားမစားရတာကြာပြီး ဒါပေမဲ့ မင်းမစားနိုင်မှတော့ ငါမင်းအစား စားပေးလိုက်မယ်”
ထိုနောက် ထမင်းပွဲကိုရှင်းလိုက်တယ်။

မိသားစု က ငါ့ကို ပျော့ညံ့တယ်လို့ ထင်ကြတယ် Where stories live. Discover now