Part.30

1.6K 74 1
                                    

Part.30

လဝန်းအက္ခရာ ဒီနေ့ စိတ်လေး နည်းနည်းကြည်နေတော့ သဲ ကို ကုမ္ပဏီမှာ
သွားကြိုမယ် ရှော့ပင်းထွက်ရင်းနဲ့
ကလေးတွေစားဖို့ တစ်ခုခုဝင်ဝယ်မယ်
စိတ်ကူးနဲ့ရူး အူတွေမြူးပြီး
ကုမ္ပဏီလည်း ရောက်ရော...
ချစ်သဲပိုက ကောင်းလေးတစ်ယောက်ကို
သူ့ကားပေါ် ခေါ်တင်ပြီး
မောင်းထွက်သွားသောအခါ...

ဘာလဲဟ သဲက ကောင်လေးအသစ်ရနေတာလား ငါ နောက်က လိုက်ချောင်းသင့်လား...
ငါ့နှလုံးသားတွေ ဘာဖြစ်ကုန်တာလဲ...?
ကိုကိုက ဘာကြောင့်Gay သွားတာလဲ
သဲကရော ဘာလို့ ကောင်လေးအသစ်
ထားရတာလဲ
ငါက ပထွေးနဲ့ နေရမယ့် ငါ့တူမလေးကို
စိတ်ပူတာလား
ငါ့အတွက်ငါ စိတ်ပူနေတာလား
ဘာတွေလဲ ဘာတွေလဲလို့
လဝန်းအက္ခရာ ကားပေါ်မှာတင်
ငူငူကြီးတွေးလို့ ပေါက်ကွဲနေတော့သည်
ထို့နောက် စတိုးဆိုင် တစ်ဆိုင်တွင်
တစ်ခုခုဝင်ဝယ်ပြီး ကားကို တစ်ရစပ်မောင်းလို့ အိမ်ကိုပဲ တန်းပြန်ခဲ့လိုက်တော့သည်

" ကိုမင်းသန့်ကို အားမနာနဲ့နော်
ကြိုက်တာမှာပါ"

" ဟုတ်ပါပြီ သဲ ဒါဆို အားမနာဘူး
ကိုယ် မှာပြီနော်"

" ဟုတ်

မင်းသန့်ကို စာပွဲထိုးလေးကို လှမ်းခေါ်လိုက်သည်။

" ဂဏန်း မာဆလာ တစ်ပွဲ ဝက်ပင်စိမ်းတစ်ပွဲ
ကြံမဆိုင်ဟင်းချို တစ်ပွဲ ဝက်နဲ့နော်
ယိုးဒယား ကန်စွန်းရွက်ကြော် တစ်ပွဲ
ဒါပဲအရင်ချပေးနော်..."

" သဲရော တစ်ခြားဘာမှာဦးမလဲ...?

" ဟင့်အင့် သဲ မမှာတော့ဘူး ကိုမင်းသန့်ကို
မှာတာပဲ စားလိုက်တော့မယ်"

" သြော်.... ဟုတ်ကဲ့... ဒါနဲ့လေ
ခင်တာပဲ ဘယ်လောက်ကြာနေပြီလဲ
ကိုယ့်ကို ကိုမင်း ဒါမှမဟုတ်
ကိုမင်းသန့်လို့ ပြောင်းခေါ်လို့ ရပါတယ်ဗျ
ကိုမင်းသန့်ကို လို့ အရှည်ကြီး ခေါ်စရာ
မလိုပါဘူး မိတ်ဆွေတွေပဲ
ရင်းရင်းနှီးနှီးပေါ့"

" ဟုတ်ကဲ့ပါ ကိုမင်းသန့်...
သဲ လိုချင်နေတဲ့ အိမ်ကလေးကို
တစ်ပုံစံထဲ တူအောင်ဆောက်ပေးလို့
ကိုမင်းသန့်ကို သဲ ကျေးဇူးအများကြီး
တင်ပါတယ်နော်..."

သံယောဇဉ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now