Part.31

1.3K 52 2
                                    

Part.31

" သဲ...."

"ရှင်... မမ"

" တို့ တကယ် မေးမယ်နော်..."

" ဟုတ်... မေးပါ မမ..."

ချစ်သဲပိုတစ်ယောက် လဝန်းအက္ခရာ ရဲ့
ညှို့ချက်ပြင်းတဲ့ အကြည့်အောက်မှာ
ပိုက်ကွန်မိနေတဲ့ ယုန်သူငယ်လေးလို....

" ညနေတုန်းက... သဲ... ဘယ်သူနဲ့
ဘယ်ကို သွားလဲဟင်...?"

" ရှင်... မမ"

လဝန်းအက္ခရာ စိတ်မရှည်တော့ဟန်
မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးပစ်လိုက်သည်

" ညနေက တို့ မင်းကုမ္ပဏီကို ရောက်ခဲ့တယ်
မင်း ကောင်လေးတစ်ယောက်ကို ကားပေါ်တင်ပြီး ထွက်သွားတာ တို့ တွေ့လိုက်တယ်
အဲဒီကောင်လေးက ဘယ်သူလဲ
ပြီးတော့ ဘယ်ကို သွားကြတာလဲ...?

" သြော်....
အဲဒါလား...?

" အွန်း... အဲဒါ... ကဲ ပြောတော့ သဲ... ရာ..."

" အဲဒါကလေ... မောင့် သူငယ်ချင်းတဲ့ မမရဲ့..
ဒီဇိုင်နာ မင်းသန့်ကို လေ... မမ သိမယ်ထင်တယ်...

" အွန်း... မောင်လေး သူငယ်ချင်းဆိုတော့
တို့ သိတာများပါတယ်... ဒီဇိုင်နာ
မင်းသန့်ကို ဟုတ်လား...? တို့ သိပြီ
အဲ့ကောင်လေးက Gay နေတာလေ...
မောင်လေးကို တစ်ဖက်သတ် ကြိုက်ဖူးတယ်...

" ဟင်... ဟုတ်လား မမ...
သဲ လည်း မသိရပါလား...?

" အွန်း... သဲ... ဘယ်သိမလဲ...?
မောင်လေးက သဲကိုပဲ လက်ထပ်ယူမယ်ပြောလို့ သူ... နိုင်ငံခြားထွက်သွားတာ ကြာပြီလေ... ခုမှ ဘယ်လို ပြန်ရောက်လာတယ် မသိ"

"သြော်....
သဲ သဘောပေါက်ပြီ မမ..."

" အွန်း" ဒါဆိုပြောတော့ ဘယ်သွားကြတာလဲ

" သဲ... တို့က ကိုမင်းသန့်ကို ကို အဆောက်အဦးတစ်ခု အပ်ထားတာ မမရဲ့...
အဲဒါ ပြီးသွားလို့ အောင်ပွဲခံတဲ့အနေနဲ့
သဲက ညစာ လိုက်ကျွေးတာပါ...

" သြော်... အဲလိုလား....?

" အွန်း... ဟုတ်.... အဲလို မမရဲ့... ပြီးတော့လေ..."

ချစ်သဲပို ပြောသင့်မပြောသင့် စဥ်းစားနေတုန်း... မမဖြစ်သူမှ...

" ပြီးတော့ ဘာဖြစ်လို့လဲ... သဲ.... ပြော...

" ဟို လေ... စားသောက်ဆိုင်မှာ ကိုမင်းခန့်သော်ဇင်နဲ့ ထက်ဝေအောင်ကိုတောင်
အတူတူ တွေ့ခဲ့သေးတယ် သိလား မမ..."

သံယောဇဉ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now