2

333 24 0
                                    

Chapter 2

ကျောက်သင်ပုန်းထက်မှ နာရီလက်တံမှာ ၁၁နာရီ၄၅မိနစ်ကို ညွှန်ပြနေသည်။ အတန်းခေါင်းဆောင်နှင့် ကိုယ်စားလှယ်ကလွဲပြီး တရုတ်စာအတန်းထဲမှာ ဘယ်သူမှနားမထောင်နေကြပါ။ သူတို့အားလုံးက စိတ်မရှည်စွာနဲ့ ဒူးနန့်ရင်း ထမင်းစားခေါင်းလောင်းတီးသံကို စောင့်နေကြသည်။ ခေါင်းလောင်းတီးတာနဲ့ မီတာတရာအပြေးပွဲအတိုင်း တံခါးပေါက်ကျဥ်းကျဥ်းလေးကနေ လှစ်ကနဲထွက်သွားကြတော့သည်။

စက္ကန့်အနည်းကြာတဲ့အခါ အတန်းထဲမှာ ကျန်ခဲ့သူက ကျွန်တော်တယောက်တည်းသာဖြစ်တယ်။ သင်ကြားရေးဆိုင်ရာ ဥက္ကဌက အမြန်ပြေးသွားတဲ့ကျောင်းသားတွေကို အကျယ်ကြီးအော်ဆူနေတယ်။ ကံဆိုးသွားတဲ့ ကျွန်တော့်ယောက်ဖတွေကို အေးဆေးဖြတ်ကျော်လျောက်သွားပြီး ကျွန်တော့်အရှေ့မှာ ထိုင်တဲ့သူရဲ့ ခဲတံအိတ်ကနေဖြုတ်ယူထားတဲ့ Pegga Pig ရုပ်ကို ဥက္ကဌကျောမှာကပ်လိုက်တယ်။ အပြစ်ပေးခံထားရတဲ့ ကျွန်တော့်ယောက်ဖတွေက လက်မထောင်ပြကြတယ်။

ကျွန်တော်ကတော့ အလျင်မလိုပါဘူး။ ကျွန်တော့်မှာ ကိုကိုရှိတယ်လေ။

အားလုံးပြေးထွက်သွားပြီးမှသာ အေးအေးဆေးဆေးပဲ ကျွန်တော် စာသင်ခန်းထဲကလျောက်ထွက်လာခဲ့တယ်။ ကျွန်တော့်ဖုန်းကိုထုတ်လိုက်တာနဲ့တပြိုင်နက်တည်း ဒီနေ့ ကိုကိုကနေ့လည်စာစားဖို့ ချိန်းထားတာရှိတယ်လို့ပြောထားတာကို သတိရသွားတယ်။

သေစမ်း ငါ့နေ့လည်စာ

အိမ်ပြန်လမ်းရောက်နေပြီးမှ အိတ်ထောင်ထဲစမ်းကြည့်လိုက်တဲ့အခါ သော့မပါလာတာကို သတိထားမိတယ်။ အဲ့ဒါကြောင့် ကိုကို့ကို သူ့တည်နေရာပို့ခိုင်းလိုက်တယ်။ သူသာအိမ်အနီးအနားမှာရှိနေတယ်ဆိုရင် အေးအေးဆေးဆေးသော့သွားယူလို့ရတယ်။ အဝေးကြီးရောက်နေတယ်ဆိုရင်တော့ အိမ်အကူလာပြီး တံခါးဖွင့်ပေးတာကိုပဲစောင့်တော့မယ်

ကိုကိုပြောတဲ့ "နေ့လည်စာချိန်းထားတယ်" ဆိုတာ အိမ်သာအိုးဖက်ပြီး မူးရူးကွဲပြဲအောင်သောက်စားကြမယ့် သူဌေးကြီးတွေ မိတ်ဆုံစားပွဲလို့ ထင်ခဲ့တာ။ကိုကို အလုပ်စဝင်ဝင်ချင်း ပထမ၂နှစ်မှာ နေ့တိုင်းအရက်တွေသောက်ခဲ့ရတယ်။ မကြာခင်ကမှ နည်းနည်းတော်သေးလာတာ။
(အရက်သောက်တယ်ဆိုတာ တရုတ်ယဥ်ကျေးမှုအရ အလုပ်ကသူဌေးတွေနဲ့ social အရသောက်ရခြင်း။ ထို့ကြောင့် နေ့တိုင်းအရက်သောက်ခြင်း= အလုပ်အလွန်ကြိုးစားခြင်း)

ထားရစ်ခဲ့လို့မဖြစ်Where stories live. Discover now