မနက်ပိုင်းမှာ ကျနော့်တို့အတန်းနဲ့ အတန်း(၄)တို့ ဘတ်စကတ်ဘောပြိုင်ပွဲရှိခဲ့တယ်။ ကျောင်းမှာက စာသင်ကာလ မပြီးခင် အတန်းတိုင်း ချစ်ကြည်ရေးပြိုင်ပွဲကစားတဲ့ထုံးစံရှိတယ်။ ဒီအချိန်အတွင်းမှာတော့ ကျနော်ကအသုံးဝင်တယ်လေ။ ကျနော့်ဆို အမြဲအထင်မြင်သေးတဲ့ အတန်းခေါင်းဆောင်နဲ့ အတန်းဖော်တွေက ပါးပါးလို့ခေါ်ကြတယ်။ လူတွေကဒီလိုပါပဲ ဒါပေမယ့် ကိစ္စမရှိပါဘူး တခါတလေပါးပါးအခေါ်ခံရတာလည်း မဆိုးပါဘူးလေ
အတန်းထဲမှာ ယောကျ်ားလေးပိုများပေမယ့် ဘတ်စကတ်ဘောကစားတတ်တဲ့သူက သိပ်မရှိဘူး။ ဒီတခေါက် တသင်း၅ယောက်စီကစားကြတယ်။ ကျနော်အားအကိုးရဆုံးပါတနာလောင်လေ ဒူးဆစ် ဒဏ်ရာရထားတာမို့ မကစားနိုင်ဘူး ဒီတော့ ဘတ်စကတ်ဘောကစားတတ်တဲ့ မှန်ကြောင်လောရှည်ကိုပဲ အစားထိုးလိုက်ရတော့တယ်။ ဒီလိုနူးနူးညံ့ညံ့စာဂျပိုးကောင်က တောင့်တောင့်ကြီးရပ်နေတဲ့ သစ်ပင်ကြီးလိုပဲမလို့ ကျနော်တယောက်တည်းက အသင်းသား၄ယောက်စာအတွက် ဖြည့်စွက် ကစားပေးရတာပါပဲ။ ကျနော်တို့အသင်းရည်ရဲ့လက်စွမ်းရည်က တခါတလေတော်လိုက် တခါတလေညံ့လိုက်နဲ့ဆိုတော့ သူတို့လက်စွမ်းကျနေတဲ့အခါ ကျနော်တယောက်တည်းက ၉ယောက်၁ယောက် ပြိုင်ပွဲဝင်ရတယ်။ လောလောလတ်လတ်ကမှ ဘောတွန်ထိုင်ထားတဲ့သူကိုမှ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် မညှာမတာလုပ်နေကြတာလဲဗျာ
ဒါပေမယ့် ပြိုင်ဖက်အသင်းရဲ့ လက်စွမ်းကသိပ်မတော်လို့ တော်သေးတယ်။
အလယ်တန်း တတိယနှစ်တုန်းက ကိုကိုတို့အသင်းရဲ့ အကူအဖြစ် ကျနော်ဝင်ပါခဲ့ဖူးတယ်။ သူက အလျင်အမြန် ကျနော့်ပုခုံးနားကို ဘောလုံးပစ်ပြေးလိုက်တဲ့အခါ ကျနော်ချက်ချင်းဆိုသလို ဂိုးသွင်းလိုက်တယ်။ ကျနော်တို့၂ယောက်က အပေးအယူတော်တော်မျှတယ် အကယ်၍ နောက်ဆုံးမိနစ်မှာမှ သူကတိုက်စစ်ပြောင်းလိုက်တယ်ဆိုရင်တောင် ကျနော်တို့မျက်လုံးချင်း ဆုံလိုက်ရုံနဲ့ သူဘယ်အကွက်ရွှေ့မယ်ဆိုတာ ကျနော်သိနေတယ်။
ထင်ထားတဲ့အတိုင်း ကျနော်တို့နိုင်သွားတဲ့အခါ စတုတ္ထနှစ်ကျောင်းသားတွေအားလုံး တယောက်ပြီးတယောက် ကျနော့်ကိုခေါင်းလာပုတ်ပြီး ကိုကိုနဲ့ကျနော်နဲ့ အပေးယူမျှတာကို အံ့အားသင့်ကြောင်း လာပြောကြတယ်။ ကောင်မလေးတွေပါ သူနဲ့အတူရယ်တဲ့အထိ ကိုကိုက ရယ်မောခဲ့တယ်။ ဒါပေမယ့် ကျနော်ကတော့ မရယ်မပြုံးနိုင်ခဲ့ဘူး ဘာလို့လဲဆိုတော့ စီနီယာအချောလှတွေက ကိုကို့ကိုသောက်စရာတွေ ပေးနေတာကြောင့်လေ။ သူက တယောက်ချင်းစီကို ပြုံးပြနှုတ်ဆက်ပြီး သူတို့နာမည်တွေပါ မှတ်မိသေးတယ်။ ကိုကို့မျက်နှာကို ဘောလုံးနဲ့ပစ်ပေါက်ပြီး ကျနော်ထွက်သွားခဲ့တယ်။
***
ပြိုင်ပွဲပထမပိုင်းပြီးသွားတဲ့အချိန်မှာ အကျင့်ဖြစ်နေလို့ ချွေးတွေကို အကျီနဲ့လှန်သုတ်လိုက်တယ်။ ချက်ချင်းပဲ ကွင်းအပြင်ဘက်က ကောင်မလေးတွေ အော်ဟစ်နေတာ ကြားလိုက်တယ်။ ပထမပိုင်းကို ကပ်သီးလေးနိုင်သွားတာ အမှတ်တွေက အရမ်းကပ်နေတာကို သူတို့ဘာတွေ ဒီလောက်ပျော်နေကြတာလဲ ကျနော် နားမလည်နိုင်ဘူး