🚨 T. A. Yကြောင်းကြံခြင်း စတဲ့အကြောင်းအရာများ ပါဝင်ပါတယ်🚨
⚠️⚠️လိုက်မလုပ်ဖို့ သတိပေးပါတယ်⚠️⚠️အဲ့ဒီဓါတ်ပုံတွေက ထင်မှတ်မထားတဲ့ အမြန်နှုန်းနဲ့ ကျောင်းမှာ ပြန့်နှံ့သွားတယ်။ အဖေတယောက်တည်းက ဒီလောက်ထိ မစွမ်းဆောင်နိုင်ဘူးဆိုတာ ကျနော် သိနေတယ်။ သူ့မှာ ကြံရာပါတယောက် ရှိမှာ။ ဒါမှမဟုတ် တနည်းအားဖြင့် ပြောရရင် ဒါက ကျတော်တို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်တခုသာ ဖြစ်တယ်။
ကျောင်းမှာ ကျနော့်ကို ထူးဆန်းတဲ့အကြည့်တွေနဲ့ ကြည့်တဲ့သူပိုများလာတယ်။ အစပိုင်းမှာ သိပ်မသိသာဘူး။ ဘတ်စကတ်ဘောကွင်းမှာ ကောင်မလေးတွေ ကျနော့်ကို အားမပေးတော့ဘဲ
အရင်က ကျနော့်ကို အရူးအမူးဖြစ်နေခဲ့ကြတဲ့ သူတို့အကြည့်တွေက အခု တွေဝေတွန့်ဆုတ်နေကြတယ်။ တချို့တွေ နောက်ကွယ်မှာ ပြောနေတာ ကြားမိတယ် "သွမ့်ယန်က အမြဲတမ်း အေးတိအေးစက်နဲ့ကို တကယ်ပဲ အဲ့လိုလုပ်ပါ့မလား မယုံနိုင်ဘူးဟယ်"ကျောင်းဆင်းတဲ့အခါ အရှေ့ခုံမှာထိုင်တဲ့ ကောင်မလေးက စိုးရိမ်တကြီးနဲ့ စာသင်ခန်းနောက်ဖက်က နေရာလွတ်ဆီ ဆွဲခေါ်သွားတယ်။ အဲ့နေရာက အမှိုက်ကန်နဲ့နီးတော့ ပုပ်စော်နံနေတာ ကျတော်နဲ့ သင့်တော်ပါပေတယ်။
တွန့်ကြေနေတဲ့ဓါတ်ပုံတပုံကို ကတုန်ကရီ ဆွဲထုတ်လိုက်တယ်။ ကျနော်နဲ့ကိုကို အနမ်းပေးနေတဲ့ ပုံဖြစ်တယ်။
သူ့ကို စိုက်ကြည့်နေခဲ့တယ်။ လက်စသတ်တော့
လူတွေက စိတ်လှုပ်ရှားပြီး ရှော့ခ်ရသွားတဲ့အချိန်ဆို သူငယ်အိမ်က တကယ်ကို ကျဉ်းမြောင်းသွားတတ်တာကိုး"ဒါ…နင်မလား?" တုန်ရီစွာနဲ့ ကျန်းရွှယ် မေးတယ်။ လှပတဲ့ မိန်းကလေးတယောက် အသည်းကွဲသွားတဲ့အခါ ကြမ်းပြင်ပေါ်ကို ခွမ်ကနဲ ဖန်ခွက်တခွက် ကျကွဲသွားတဲ့ အသံမျိုးနဲ့တူတယ်။
"ဘာဖြစ်လို့လဲ…? နင်တို့က ညီကိုတွေမလား….လိင်တူချစ်ကြိုက်တာတောင် လူတွေ လက်ခံဖို့ ခက်ခဲတာကို နင်တို့က ဒါဘာလုပ်နေကြတာလဲ? နင်ရူးသွားပြီလား? ဒါမှမဟုတ် နင့်အကိုရူးသွားတာလား?"