🏎️ တွေဖြတ်မယ် လိုင်စင်ချန်ခဲ့ပါ
CW: NSFW
ပလက်ဖောင်းကနေဆင်းသွားတော့ အရှေ့မှာထိုင်တဲ့ကောင်မလေးက နောက်ကနေခိုးလိုက်လာတယ်။ သူကကျွန်တော့်ယူနီဖောင်းကို လှမ်းဆွဲတယ်။ သူမရဲ့သေးသေးသွယ်သွယ်လက်ကောက်ဝတ်မှာက ကျွန်တော့်မွေးနေ့အတွက် ကိုကိုဝယ်ပေးခဲ့တဲ့ စနကူးလက်ကောက်လေးဖြစ်တယ်။ မိန်းကလေးတယောက် ဝတ်ထားတဲ့အခါ အရမ်းကိုသိမ်မွေးနူးညံ့နေစေတယ်။သူ့ဆံပင်ကိုဖွလိုက်တယ်။ ဆံနွယ်လေးတွေက ပျော့ပျောင်းပြီး သင်းပျံ့နေတာကြောင့် သူ့ကိုခွင့်လွှတ်လိုက်တယ်။
ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ မြက်ခင်းလမ်းလေးဘေးနားမှာ ကိုကိုစောင့်နေတာကို တွေ့လိုက်တယ်။ ကျွန်တော်တို့ကို တွေ့တော့ ပြုံးပြပြီးတာ့တာ့ပြတယ်။ ဒါပေမယ့် ကျန်ရွှယ်လက်ပေါ်က စနကူးလက်ကောက်လေးဆီ အကြည့်ရောက်သွားတဲ့အခါ သူ့အကြည့်တွေခက်ထန်သွားတယ်။ ကျွန်တော် အမြင်မှားတာလည်း ဖြစ်ချင်ဖြစ်မှာပါ။
ကျန်ရွှယ်က ကိုကို့ကိုအရိုအသေပေးပြီး မျက်လုံးတွေနီနီရဲရဲနဲ့ အတန်းထဲကို ပြန်ပြေးဝင်သွားတယ်။ ကိုကိုက ကျွန်တော့်ဆံပင်တွေကိုဖွပြီး ပုခုံးကိုဖက်ရင်း မေးတယ် “အဲ့ဒီကောင်မလေးက မဆိုးဘူး။ မင်း သူ့ကိုကြိုက်လား?”
ကြိုက်တယ် လို့ ကျွန်တော်ပြောလိုက်တယ်။
ကိုကိုဘာမှထပ်မမေးတော့ဘဲ ကားမောင်းပြီးအိမ်ပြန်လိုက်ပို့ပေးတယ်။ ကျွန်တော်ကြိုက်တာတွေအများကြီးပဲ၊ စာသင်ခန်းအပြင်ဘက်က တရုတ်စကော်လာသစ်ပင်ကြီးရယ် ရေမြောင်းပိုက်တွေအောက်က လေလွင့်ကြောင်ရယ် ကျန်ရွှယ်နဲ့ ကာယအချိန်မှာ ရေဗူးပေးတဲ့ကောင်မလေးတွေအားလုံးကိုလည်း ကြိုက်တယ်။ ဒါပေမယ့် ကျွန်တော်က အဲ့ဒီ့ကောင်မလေးတယောက်တည်းကိုပဲကြိုက်တယ်လို့ ကိုကိုထင်နေတယ်။ ဒါက အသက်ရွယ် ကွာဟမှုကြောင့် အဲ့လိုထင်တာ ဖြစ်နိုင်ပါတယ်လေ။
ညဘက် ရေမိုးချိုးပြီးတော့ ကိုကို့စောင်တွေကြားထဲကို တိုးဝှေ့ဝင်လိုက်တယ်။ စာရွက်စာတမ်းဖိုင်တခုကို ဖွင့်ထားတဲ့ ဖုန်းစကရင်ကလင်းလျက်သားနဲ့ ကိုကိုအိပ်ပျော်နေတယ်။ အိပ်ယာဘေးမှာ ဖုန်းကိုအားသွင်းပေးပြီး သူ့ကျောနဲ့ပူးကပ်ကာ ဖက်ထားပြီး အိပ်လိုက်တယ်။