12

190 13 0
                                    

သတိပေးချက် - [ကြမ်းတမ်းရမ်းကားမှုတချို့ ပါဝင်ပါသည်။ အဆင်ပြေမှ ဖတ်ပါ။]

နောက်တနေ့မှာ အိပ်ယာထပြီး ကျောင်းသွားရသေးတယ်။ ကိုယ့်ကိုယ်ကို သုံးသပ်စာ ဖတ်ပြခဲ့ရတာ သိပ်မကြာသေးလို့လားမသိဘူး လောလောဆယ် ကျွန်တော် လိမ္မာနေတယ်။ မနက် ၄နာရီ၅၀မှာ ယောင်ကိုင်းနေတဲ့မျက်လုံးတွေကို ခက်ခက်ခဲခဲဖွင့်ခဲ့တယ်။ ကျွန်တော့် ခန္ဓာကိုယ်အောက်ပိုင်းက တော်တော်အခြေနေဆိုးနေပြီး လည်ချောင်းထဲ တခုခုစို့နေသလိုပဲ။ ဘောင်းဘီထဲက အငယ်ကောင်ကို ကိုင်ကြည့်လိုက်တယ်။ ဘုရားသခင် တော်သေးလို့ပေါ့ ဒီကောင် တောင်,နိုင်သေးသားပဲ။

ကိုကိုကဘေးနားမှာ အိပ်ပျော်နေပြီး သူ့လက်မောင်းတွေက ကျွန်တော့်ကိုယ်ပေါ်မှာ ဖက်ထားတယ်။ သူ့မျက်နှာက ကျွန်တော့်မျက်နှာနဲ့ အရမ်းနီးကပ်နေပြီး ကြည့်ရတာ အိပ်မောကျနေတဲ့ခွေးကြီးတကောင်လိုလို၊ ဒါမှမဟုတ် သန္ဒာကျောက်တန်းတွေလိုလို - - လှပပေမယ့်လည်း လူတွေကို နာကျင်စေနိုင်တယ်။

မနေ့က ကျွန်တော့်ကိုလုပ်ခဲ့တာကြောင့် သူ့ကို ပန်းပွင့်လေးလို့ ချီးမွန်းခဲ့မိတာ ပြန်ရုတ်သိမ်းလိုက်တယ်။

ရေချိုးခန်းဆီ လှမ်းလိုက်တဲ့ခြေလှမ်း တလှမ်းချင်းစီက သိပ်ကသိကအောင့်နိုင်လှတယ်။ ဘာကြောင့်ဆို ခြေလှမ်းတွေ အရမ်းကျဲသွားရင် အပေါက်ကို ဖြဲလိုက်သလိုဖြစ်သွားတယ်။ နောက်ဆုံး ကျွန်တော် ဘေစင်ဆီကို ခြေတုပ်လျောတိုက်ပြီး သွားခဲ့ရတယ်။ ကျွန်တော့်နှုတ်ခမ်းတွေ နည်းနည်းနီရဲနေပြီး မျက်လုံးတွေကလည်း မက်မွန်သီး၂လုံးလို ယောင်ကိုင်းနေတယ်။ ဒါပေမယ့် အဆိုးဆုံးကတော့ နို့သီးခေါင်းတွေခဗျာ နီရဲယောင်ကိုင်းသွားတဲ့အထိ အစို့ခံလိုက်ရတာပါပဲ။ သူအားကြီးနဲ့ စုပ်လိုက်တာများ၊ ဝမ်တီးနို့စိမ်းလက်ဖက်ရည် ညှစ်စုပ် သောက်နေတယ်များ ထင်နေသလားပဲ။

ထော့နဲ့ထော့နဲ့,နဲ့ ကျောင်းမသွားခင် ဟိုက်လိုက်တာနဲ့ သူနှဖူးပေါ်မှာ 'နှာဘူးကြီး' လို့ ရေးပစ်ခဲ့တယ်။

အတန်းထဲမှာ ဖင်ပူအောင်ထိုင်ရလို့ ဖင်တွေနာလာပြီ လက်ဇကယူနီဖောင်းက နို့သီးခေါင်း နုနုလေးတွေကို ပွတ်မိတိုင်း စပ်နေတယ်။ ဘယ်လိုပဲ ထိုင်တဲ့ပုံစံပြောင်းပြောင်း သက်တောင့်သက်သာမရှိတာကြောင့် စာအုပ်တွေယူပြီး အနောက်ဆုံးတန်းက ကျောက်သင်ပုန်းနားမှာ ရပ်နေလိုက်တယ်။ ကျွန်တော်နဲ့အတူ ရပ်နေတာက အတန်းခေါင်းဆောင်၊ ဒုတိယအလိမ္မာဆုံးကျောင်းသားရယ်၊ တတိယအလိမ္မာဆုံး မှန်ကြောင်ရယ်… ကျွန်တော်က အတန်းထဲက အတော်ဆုံး စာဂျပိုး၁၀ယောက်နဲ့အတူ ရပ်နေခဲ့တယ်။ သူတို့က ညလုံးပေါက်စာကြည့်ပြီး အခု အိပ်ငိုက်နေတာကြောင့် မတ်တပ်ရပ်နေကြတာ။ ကျွန်တော်ကတော့ တညလုံး အစားခံထားရလို့ ရပ်နေတာ။ ဆရာမက ကျွန်တော့်ကို လိမ္မာလိုက်တာဆိုပြီး ရုံးခန်းထိခေါ်ပြီး ကိုကို့ဆီ ဖုန်းဆက် ချီးကျူးရှာသေးတယ်။ အဲ့ငါလိုး သွမ့်ရွေ့ ရယ်နေတာ ဖုန်းပြောသံကတဆင့်  ကြားလိုက်မိတယ်။

ထားရစ်ခဲ့လို့မဖြစ်Where stories live. Discover now