16

140 17 0
                                    

ဒီရက်ပိုင်း ကိုကိုနဲ့ကျွန်တော်နဲ့ နည်းနည်းသွေးအေးနေကြတယ်။ သူကျွန်တော့်ကို ရှောင်နေသလိုပဲ အဲ့ဒါကြောင့် ကျွန်တော်လည်း သူနဲ့ သိပ်ပြီးအကြည့်ချင်းမဆုံဖြစ်ဘူး။ ညဘက်ဆို သူအရင်အိပ်ပျော်သွားတာကို စောင့်ပြီးမှ ကျောင်းလွယ်အိတ်ကိုပြင်ပြီး သူ့အိပ်ယာပေါ်တက်အိပ်တယ်။ မနက်ကျရင် ကိုကိုမနိုးသေးခင် ကျောပိုးအိတ်လွယ်ပြီး ပြေးထွက်သွားတယ်။ ဒီရက်ပိုင်း မနက်တိုင်း ကျောင်းတက်မှန်နေကြတယ်လို့ ဆရာမ ချီးကျူးတာတောင်ခံလိုက်ရသေးတယ်။

ကိုကို့အကြောင်းစဉ်းစားနေတာရပ်လိုက်ဖို့ အတန်းထဲမှာ စာသင်တာကို အာရုံစိုက်ထားလိုက်တယ်။ ပျင်းဖို့ကောင်းပေမယ့် ဆရာသင်တာ နားထောင်ရတာလည်း သိပ်တော့မဆိုးလှပါဘူးလေ

ရုပ်ကဆိုးလျှိုကြီးက စာမေးပွဲမေးခွန်းတွေ ရှင်းပြပြီး ခက်ခဲတဲ့မေးခွန်းတခုကို ကျောက်သင်ပုန်းပေါ်မှာ ရေးလိုက်တယ် ပြီးတော့ မှန်ကြောင်လေးကို လာဖြေခိုင်းတယ်။ မှန်ကြောင်က အဆင့်၅၀ထက် ဘယ်တော့မှမကျဖူးဘူး ကျွန်တော်တို့ကျောင်းက ဒီတဝိုက်မှာဆို နာမည်ကြီးကျောင်းဖြစ်တယ်။ အဆင့်၂၀၀အတွင်းဝင်တဲ့သူတွေအကုန်လုံး တက္ကသိုလ်တက်ခွင့်တန်းရကြတာ။ (ကျွန်တော်ကတော့ အဆင့်၁၀၀၀လားပဲ)

မှန်ကြောင်က ကျောက်သင်ပုန်းပေါ်မှာ အဖြေရေးနေရင်း ရပ်သွားတော့ ကျနော်သူ့ကို မကျေမနပ်နဲ့ နည်းနည်းပြောပြလိုက်တယ်။ သူ့ဟာသူတယောက်တည်း ခေါင်းကိုပုတ်ပြီး ဆက်ရေးတယ်။ ဒါပေမယ့် ၂ကြောင်းလောက်ရေးပြီး ဆက်မရေးနိုင်တော့ပြန်ဘူး။ အဲ့ဒါနဲ့ ကျနော် သူ့ကိုထပ်ပြောပြလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်နဲ့သူနဲ့ နောက်ဆုံးအတန်းမှာ အတူတူမတ်တပ်ရပ်ခဲ့ကြတဲ့ရက်တွေ မနည်းခဲ့ဘူးလေ..စာဂျပိုးနဲ့ သာမန်ကျောင်းသားဆိုတဲ့ သူငယ်ချင်းပုံစံမျိုး ဖြစ်နေပြီးတာကြောင့် သူ့ကို အတန်းထဲမှာ အရှက်ရအောင် မလုပ်ချင်ဘူး။

ဘာကြောင့်မှန်းမသိပေမယ့် ဆရာနဲ့အတန်းဖော်တွေက ကျနော့်ကို ထူးဆန်းသတ္တဝါတကောင်လို လှည့်ကြည့်ကြတယ်။ ကိုကိုကကျနော့်ကို ဒီပုစ္ဆာရှင်းပြဖူးတယ်။ အားလုံးလည်း ဒီမေးခွန်းကို ဘယ်လို ဖြေရမလဲသိတယ်.. မှန်ကြောင်တကောင်ပဲ မဖြေတတ်ဘူးထင်တာ။ ဒါပေါ့ ကိုကို့စကေးက ဒီလို သာမန်လူတွေနဲ့ ဘယ်ယှဉ်လို့ရမလဲ

ထားရစ်ခဲ့လို့မဖြစ်Where stories live. Discover now